ပေါင်တံတွေရှည်လျားပြီး ခြေထောက်ကလေးတွေသွယ်လျလှပနေတာကို မိန်းခတိုင်း လိုချင်ကြပါတယ်။ ဒီဆုကိုတော့ ရုရှားနိုင်ငံသူ Ekaterina Lisina ဆိုတဲ့အမျိုးသမီးက ကံကောင်းစွာပဲ ရရှိခဲ့ပါတယ်။

Krasnodar ဆိုတဲ့မြို့ကလေးမှာနေထိုင်ပြီး သူမရဲ့အရပ်က ၆ပေ ၉လက်မရှိပြီး ခြေတံ အရှည် ကတော့ ၅၂.၄ လက်မရှိပါတယ်။

သာမန်မိန်းခလေးတစ်ယောက်ရဲ့အရပ်အမြင့်ထက်များစွာ ကျော်လွန်နေတဲ့ သူမအနေအ ထားကြောင့် သူမကမ္ဘာစံချိန်တင်နိုင်ခဲ့သလို မော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

သူမရဲ့ရှည်လျားတဲ့အရပ်အမောင်းနဲ့ ဘာသာစကားကျွမ်းကျင်မှုတွေက သူမကို ကမ္ ဘာကျော် တစ်ယောက်ဖြစ်ဖို့အတွက် ပံ့ပိုးပေးလို့နေပါတယ်။

ဒါပေမယ့် သူမမှာလည်း အခက်အခဲအနည်းငယ်ရှိပါတယ်။ ဒါကတော့ သူမရဲ့ ရှည်လျားတဲ့ ခြေတံတွေကြောင့် တခြားသူတွေလို ဘောင်းဘီတွေကို အော်ဒါမှာရတဲ့ အချိန်တွေ ရှိသလို ကားစီးတဲ့အချိန်တွေ လေယာဉ်စီးရတဲ့အချိန်တွေမှာ အဆင်မပြေတာ လေးတွေရှိတယ်လို့ ဆိုပါတယ် ။

Source – Ekaterina Lisina FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။