ဂျပန်နိုင်ငံမှ အသက် (၈၂) နှစ် အရွယ်အဘွားအို မာဆာကိုဝါကာ မီယာသည် စမတ်ဖုန်းများတွင် အ သုံးပြုနိုင်သည့် အက်ပလီကေးရှင်း တစ်ခုကို အောင်မြင်စွာဖန်တီးနိုင် ခဲ့ပါတယ်။ ဝါကာမီယာသည် အသက် (၆၀) အရွယ်ရောက်ခါမှ ကွန်ပျူတာ စသုံးခဲ့သော်လည်း ယခုအခါ ကမ္ဘာ့ အသက်အကြီးဆုံး ကွန်ပျူတာပရို ဂရမ်မာများထဲတွင် တစ်ဦးအပါအ ဝင်ဖြစ်လာခဲ့ပြီး ကွန်ပျူတာနည်း ပညာတွင် အသက်အရွယ်သည် အဟန့်အတားမဟုတ်ကြောင်း သက် သေပြလိုက်ခြင်းဖြစ်သည်။

"အရွယ်တင်စေတဲ့ ဆေးဝါး တွေ၊ ကုထုံးတွေနောက်ကို လိုက် နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ နေဝင်တာကို ဘယ်သူက တားဆီးလို့ရမှာလဲ" ဟု အဘွားအို ဝါကာမီယာက ပြောပါတယ်။ဒါ့အပြင်ဘ၀ တွင် အရေးကြီးသည်မှာ အသက် ထက်ဆုံး စူးစမ်းလေ့လာသွားရန် ဖြစ်တယ်ဟု ၎င်းင်းကဆိုသည်။ဝါကာမီယာသည် အသက် (၁၈) နှစ်အရွယ် ၁၉၅၄ ခုနှစ်တွင် အထက်တန်းအောင်ကာ ဘဏ် တစ်ခု၌ စာရေးမအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပီး ထိုစဉ်က ကိန်းဂ ဏန်းများတွက်ချက်ရာတွင် ပေသီး ကို အသုံးပြုခဲ့ရကာ အသက် (၆၀) အငြိမ်းစားယူသည်အထိ ထို ဘဏ်၌ပင် လုပ်ကိုင်ခဲ့ပါတယ်။

ဝါကာမီယာဖန်တီးသည့် iPhone အက်ပလီကေးရှင်းသည် မှတ်ဉာဏ်သုံးကာကစားရသည့် Hina dan ဟု အမည်ရသော ဂိမ်းတစ်ခု ဖြစ်ပြီး သက်ကြီးရွယ်အိုများ ဆော့ကစားရန် ရည်ရွယ်ဖန်တီး ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ထိုဂိမ်းကို ဝင် ရောက်ကြည့်ရှုသူ တစ်သန်းနီးပါး ရှိပြီး ဒေါင်းလုတ်ဆွဲသူ၅၃၀၀၀ ရှိခဲ့ပါတယ်။ဝါကာယာမီယာသည် ဖေဖော် ဝါရီလဆန်းတွင် ကုလသမဂ္ဂညီ လာခံတစ်ခုသို့ တက်ရောက်ကာ သက်ကြီးရွယ်အိုများအပေါ် ဒစ်ဂျစ် တယ်နည်းပညာ၏ ကောင်းကျိုး များအကြောင်း ဟောပြောခဲ့ကာ ယခင်နှစ်က Apple ကုမ္ပဏီ၏ ဆော့ဖ်ဝဲဖန် တီးသူ များညီလာခံကို လည်း တက်ရောက်ခွင့်ရခဲ့သည်။

Source: Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။