ရုပ်စုံကျောင်းမှာဗုဒ္ဓဝင်ပန်းပုများ၅၀%ခိုးယူခံရတဲ့အနေထားများတွေ့ရှိ

ယနေ့လာမိခဲ့သည့် အရိယာဝံသ ရုပ်စုံကျောင်း၏

ထူးခြားမှုများကို အင်တာနက်Facebookစာမျက်နာပေါ်မှာ

မကြာမကြာတွေ့ကြရပေမယ့် ဖြစ်သွားတဲ့ထူးခြားမှု့တွေကိုတော့ ဘယ်သူမှသတိမထားမိခဲ့ကြ ဘယ်သူမှမလေ့လာမစူးစမ်းခဲ့ကြဟုသုံးသပ်မိပါသည်။

ထူူးဆန်းသည်ဟု နာမည်ကြီးလို့

လေ့လာသူများလာရောက်ခဲ့ကြပြီး

သေချာ သတိထားမလေ့လာမစူးစမ်းကြသည်များကို

ဥုးဇင်းလေ့လာခဲ့ပါသည်။

ဖြစ်စဉ်မှာ

စစ်ကိုင်းတောင်အဆင်းလမ်းမှာ

အလွန့်အလွန်လှပတဲ့ ရှေးဟောင်းသစ်သားရုပ်စုံကျောင်းတစ်ခုရှိတယ်။

ရုပ်စုံကျောင်းဆိုတဲ့သဘောက

ဗုဒ္ဓဝင်နဲ့ ဇာတ်နိပါတ်တော်ထဲက

အရုပ်တွေစုံနေအောင်ကို ကျောင်းပတ်လည်မှာထွင်းထုထားပါသည်။

ရုပ်စုံကျောင်းတော်လေသည် ရှေးဟောင်းသစ်သားကျောင်းတွေဖြစ်ပြီး

ရှေးခေတ် ပန်းပု နဲ့လက်သမားဆရာတွေ

ဆောက်လုပ်ထားတာဖြစ်လို့ မြန်မာမှုအငွေ့အသက်အပြည့်အဝပါတဲ့ ကျောင်းတော်လေးလည်းဖြစ်ပါတယ်။

သက်တမ်းအားဖြင့်လည်း

နှစ် ၁ဝဝကျော်ကျော်ရှိမယ်ထင်ပါသည်။

ရုပ်စုံကျောင်းဆိုတဲ့သဘောအတိုင်းဗုဒ္ဓဝင်နဲ့ ဇာတ်နိပါတ်တော်ထဲက အရုပ်တွေစုံနေအောင်ကို ကျောင်းပတ်လည်မှာထွင်းထုထားပေမယ့်

ဇာတ်တော်ဗုဒ္ဓဝင်ပန်းပုများ

တဝက်တိတိ မသမာသူ ခိုးယူလိုသူတို့

ဖြုတ်ယူသွားကြပါပြီ။

အတိအကျပြောရ ရင်

ရုပ်စုံစံကျောင်းငယ်လေးက

တောင်မြောက်တည်ဆောက်ထားပြီး

အရှေ့ကိုမျက်နာမူထားပြီး

အနောက်ဘက်တောင်နံရံကိုကျောပေးထားပါတယ်။

တောင်ဘက်ဘုရားခန်းရဲ့

အောက်ပိုင်းအနောက်ဘက်ကနေ

အနောက်ဘက်တကြောလုံးနှင့်

မြောက်ဘက်ခြမ်းအထိ

ပန်းပုကားချက်ဗုဒ္ဓဝင်ဇာတ်နိပါတ်တွေ ခိုးယူသွားကြတဲ့အနေထားပါ။

အနောက်ဘက်နှင့်မြောက်ဘက်အထိ

တောင်နံရံဘေးလူသူသတိမထားမိကြတဲ့နေရာတွေမှာ

ဗုဒ္ဓဝင်ဇာတ်တော်ပန်းပုများ တစ်ချပ်မှမရှိတော့ပါ။

အခုခေတ်မှာ ရုပ်စုံကျောင်းတွေ ထပ်ဆောက်တာမရှိကြတော့သလို ရှိပြီးသားတွေ ထိန်းသိမ်းဖို့လည်း အတော်လိုအပ်နေပါတယ်။

မထိန်းသိမ်းနိူင်ရင်တော့

ရုပ်စုံကျောင်းလေးလိုက် ဖြုတ်ယူခိုးသွားလို့ရနိူင်တဲ့

အနေအထားထိ လွယ်ကူလွန်းပါတယ်။

[မျှဝေလိုက လွတ်လပ်စွာမျှဝေနိူင်ပါသည်။]

၃၁ဘုံသားအားလုံး ကိုယ်စိတ်၂ဖြာ

ဘေးရန်ကွာကျန်းမာချမ်းသာကြ၍

ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေ

Credit - Ashin Kavi Nanda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။