ဖုန်းအားသွင်းရာမှ မီီးလောင်ပြီး မိသားစုဝင်သုံးဦးစလုံး မီးလောင်ကာသေဆုံး

နမ့်စန်မြို့မှာ ညအချိန်ဆိုလာပြားကနေတစ်ဆင့် ဖုန်းအားသွင်းရာက မီးလောင်မှုဖြစ်ပွားပြီး နေအိမ်အတွင်းမှာ အိပ်ပျော်နေတဲ့ မိသားစုဝင်သုံးဦးစလုံးမီးလောင်ကာ သေဆုံးခဲ့တယ်လို့ နမ့်စန်ရဲစခန်းကသိရပါတယ်။

အဆိုပါဖြစ်ရပ်မှာ ဒီဇင်ဘာလ၁၃ရက်နေ့ ည၁၁နာရီ ကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်အတွင်းအိပ်ပျော်နေတဲ့ အသက်၅၂နှစ်အရွယ်အမျိုးသမီးကြီးနဲ့အသက် ၁၃နှစ်အရွယ် သမီးဖြစ်သူ၊အသက် ၁၂နှစ်အရွယ်တူမဖြစ်သူသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

နမ့်စန်မြို့မရဲစခန်းမှူးဦးတင်မောင်ဆွေက”အရင်တုန်းကတော့မီးရိုးရိုးလောင်တာပဲဖြစ်ဖူးတယ်။ သည်လိုမီးလောင်ပြီးသေတာမျိုးမဖြစ်ဖူးဘူး။ဘေးအိမ်တွေကလည်းအမျိုးအိမ်တွေပဲ။သူတို့တစ်အိမ်ထဲပါသွားတာပါ”လို့ပြောပါတယ်။

မီးလောင်မူဖြစ်ပွားခဲ့တဲ့ နေအိမ်ဟာ တစ်ထပ်ပျဉ်ထောင်အိမ်အမျိုးအစားဖြစ်ပြီး ဘေးအိမ်တွေကတော့ တိုက်ခံအိမ်တွေဖြစ်တာကြောင့် မီးမကူးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

မီးလောင်မှုကြောင့်နေအိမ်အပြင် နေအိမ်ဝိုင်းအတွင်းက ထော်လာဂျီတစ်စီး၊ဆိုင်ကယ်တစ်စီးပါ မီးလောင်ကျွမ်းခဲ့ပြီး ပုဒ်မ၂၈၅/၃၀၄ဃနဲ့အမှု ဖွင့်ထားတယ်လို့သိရပါတယ်။

အိမ်ရှင်အမျိုးသမီးရဲ့သမီးနှစ်ဦးဟာထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး နာရေးကိုမြို့ခံတွေကကူညီပေးနေကြရတယ်လို့သိရပါတယ်။

နာရေးမှာကူညီပေးနေတဲ့နမ့်စန်အန်အယ်ဒီဥက္ကဌဦးဇော်နိုင်က”သေသွားတဲ့အထဲပါသွားတဲ့သူ့တူမလေးဆိုတာ သည်အိမ်မှာအမြဲတမ်းနေတာမဟုတ်ဘူး လာအပ်သွားတာ နေတာဘယ်လောက်မှမရှိသေးဘူး”လို့ပြောပါတယ်။

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။