လိပ်ကျွန်းလူသတ်မှုမှ သံသယရှိသူ ဝင်းနှင့်ဇော် တို့၏ လက်ရှိအခြေအနေ

သတင်းအမှန် သိစေရန် များများရှဲပေးကြပါနော်

ထိုင်းနိုင်ငံ၏ ဘုရင်အသစ်မှ အကျဉ်းသားများအား လွပ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးသည့်နောက် လိပ်ကျွန်း

လူသတ်မှုတွင် သံသယရှိသူများအဖြစ် ဖမ်းဆီးထားခြင်းခံနေရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်လား နှစ်ဦးဖြစ်သည့် ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ ပြန်လည်၍ လွတ်မြောက်လာခဲ့ပြီဆိုသော သတင်းအမှားက လူမှု့ကွန်ယက်တွင် ပျံ့နှံ့ လျှက်ရှိသည် ။

ထိုင်းဘုရင်အသစ်က အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရာ၌ သတ်မှတ်ချက်များနှင့်

ကိုက်ညီမှုရှိသော အကျဉ်းသားများကိုသာ ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည် ။ ဇော်လင်း နှင့်

ဝင်းဇော်ထွန်းတို့၏ အမှုမှာ မုဒိန်းမှုနှင့် ဆက်စပ်သော အမှုဖြစ်နေသည်ကတစ်ကြောင်း လက်ရှိတွင် အယူခံဝင်ထားပြီး တိကျသော ပြစ်ဒဏ်ကို တရားရုံးက အဆုံးအဖြတ် စီရင်ချက် မချရသေးသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြန်လည်၍ လွတ်မြောက်လာခြင်း မရှိသေးပါ ။

ထို့အပြင် ထပ်မံပြန်လည် တင်းကျပ်လိုက်သော ဥပဒေအရ ဝင်းနှင့်ဇော် အား ထောင်ဝင်စာ လွယ်ကူစွာ တွေ့ခွင့်လည်း မရှိတော့ပဲ မိသားစုဝင်များသာ တွေ့ခွင့်ရပါသည် ။ အပြင်လူအနေနှင့် အခြေနေ တစ်ခုခုကို သိရှိလိုပါက

မြန်မာသံရုံး၏ ထောက်ခံစာပါရှိမှသာ တွေ့ခွင့်ရတော့သည့် အခြေအနေမှာ လက်ရှိအနေအထား ဖြစ်ပြီး အယူခံဝင်ထားသည့်အတွက် အဆုံးအဖြတ် ချမည့်နေ့ကို ဆက်လက်၍ စောင့်ဆိုင်းနေကြရသည်။

သူတို့၏ မိခင်နှစ်ဦးဖြစ်သူမှာ ဘန်ကောက်တွင် ရှိနေပြီး သားနှစ်ဦးကို ထောင်ဝင်စာလာတွေ့သည့် လတ်တလောပုံများကို သတင်းခိုင်မှာမှုအတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ ဖော်ပြရခြင်းမှာ ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် လှုပ်ရှားနေကြသူများ၊ ဆုတောင်းပေးနေကြသူများ လွတ်မြောက်လာပြီ ဟူသော သတင်းအမှားကြောင့် လှုပ်ရှားဆောင်ရွက်နေမှုများ ရပ်တန့်သွားမည်ကို မလိုလားသည့် စေတနာရှေးရှု၍ ဖောိပြလိုက်ရခြင်း ဖြစ်ပါသည် ။

” ဝင်းနဲ့ ဇော်” မလွတ်မြောက်သေးပါ...……

Source: PyiMoeAung

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။