Batangas မှာရှိတဲ့ ပြည်သူ့ဆေးရုံတစ်ရုံမှာ အလုပ်လုပ်တဲ့ Drolah Sanchez အမည်ရဆရာဝန်မဟာ သူမကြုံခဲ့ရတဲ့ အံဖွယ်ဖြစ်ရပ်ကို အင်တာနက်စာမျက်နှာမှာ ဝေမျှပေးခဲ့ပါတယ်။

စက်တင်ဘာမနက်ခင်းတစ်ရက် မနက် ၅နာရီ ၄၀ မိနစ်အချိန်မှာ Drolah ဟာ အသက်၂ဝအရွယ်ရှိ ကိုယ်ဝန်သည်မိခင်တစ်ဦးကို ကလေးမွေးဖွားပေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကလေးလေးဟာ အသက်မရှိဘဲ ထွက်လာခဲ့ပါတယ်။ ကလေးဟာ နှလုံးလဲမခုန်၊ ဘာလှုပ်ရှားမှုမှလဲမရှိဘဲ၊ အသားတွေဖြူဖတ်နေခဲ့ပါတယ်။ 

Drolah ဟာ သူမမွေးဖွားပေးခဲ့တဲ့ ကလေးလေးဟာ သေဆုံးပြီး မွေးဖွားလာခဲ့တဲအတွက် ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ ၁၅မိနစ်ကြာ Drolah နဲ နာ့စ်မတွေဟာ ကလေးကို အသက်ရှင်အောင်ကြိုးစားပေမယ့် အချည်းနှီးပါပဲ။ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Drolahဟာ မာသာထရီဇာဆီ လေးလေးနက်နက်ဆုတောင်းခဲ့ပါတယ်။ သူ့ရဲ့ ဆုတောင်းမှုကြောင့်လား၊ ဆေးပညာရပ်ဆိုင်ရာ နားမလည်နိုင်တာတွေကြောင့်လားဘဲ မပြောတတ်ပါဘူး၊ ကလေးဟာ ပြန်လည်အသက်ရှင်လာခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။