မြန်မာ့ ဈေးအကြီးဆုံး စာအုပ်တစ်အုပ် ဖြစ်ပြီး သမိုင်းတန်ဖိုးလည်း အလွန်ကြီးမားပါတယ်။

စာအုပ် က သမိုင်းပညာရှင်၊ သုတေသီ စာရေးဆရာ ဒေါက်တာ သန်းထွန်း ရဲ့ The Royal Orders of Burma ပဲ ဖြစ်ပါတယ်။စာအုပ် ဟာ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း၏ အထင်ကရ လက်ရာ ဖြစ်ပြီး (အခု နောက်ဆုံး စိတ်ကူးချိုချို စာအုပ်တိုက် က ၁၀ စောင်တွဲ ပြန်လည်ထုတ်ဝေခဲ့ပါတယ်) တန်ဖိုးငွေ ကျပ် မှာ ၁ သိန်း ၂ သောင်း ဖြစ်တဲ့အတွက် တစ်တွဲကို ၁၂၀၀၀ နှုန်း မျှ ကျသင့်ပါတယ်။

စာရေးသူ ဒေါက်တာ သန်းထွန်း ဟာ အနှစ် ၃၀ လောက် အပတ်တကုတ် လေ့လာစုဆောင်းထားခဲ့သမျှကို ဂျပန် တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာနက ၁၉၈၃မှာ စတင် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ သန်းထွန်း ဟာ ဒီ စာအုပ်ဆယ်တွဲ စုစုပေါင်းစာမျက်နှာ ၇၀၀၀ ကျော်ကို ၃၃ နှစ်ကျော်အချိန်ယူပြုစုရေးသားခဲ့တာပါ။ မြန်မာဘုရင်အဆက်ဆက်ရဲ့ အမိန့်တော်ပြန်တမ်းတွေကို တနိုင်ငံလုံးအနှံ့လိုက်ရှာဖွေစုဆောင်းရတာတင် ၂၅ နှစ်တိတိကြာခဲ့ပြီး စာအုပ်အဖြစ်ရေးသားတာ ၈ နှစ်တိတိကြာခဲ့ပါတယ်။ ပြုစုချိန်အတွင်းမှာ တနေ့ကို ၁၆ နာရီတိတိ အလုပ်လုပ်ခဲ့တယ် လို့ သိရပါတယ်.

အတွင်းမှာ မြန်မာလိုစာမျက်နှာ လေးထောင်ကျော် နဲ့ အင်္ဂလိပ်လို စာမျက်နှာသုံးထောင်ကျော် ပါရှိပြီး မြန်မာလိုစာမျက်နှာလေးထောင်ကျော်ကို ဒေါက်တာသန်းထွန်း ရဲ့ ဇနီးဖြစ်သူ က လက်နှိပ်စက်ရိုက်ကူပေးခဲ့ပါတယ်...အဲဒီအတွက် စာအုပ်ပထမဆုံးစာမျက်နှာမှာ ---

"ဒီစာအုပ်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာမှာ ငါ့ဇနီးကို ငါကျေးဇူးတင်မဆုံး ...”

မှတ်တမ်းတင် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပြုစုနိုင်အောင် ပြုစုပြီးတော့ ဒီဆယ်တွဲကိုထုတ်ဝေနိုင်အောင် ဂျပန်နိုင်ငံက တက္ကသိုလ်တွေက ဆရာကြီးအတွက် အလုပ်ပေးထားပြီး တိုယိုတာဖောင်ဒေးရှင်းက ယန်းငွေ ရှစ်သောင်းထောက်ပံ့ခဲ့တယ် လို့ သိရပါတယ်။ ဒီထက် တန်ဖိုးကြီးတဲ့ စာအုပ် အမျိုးအစား တစ်အုပ် ရှိပါသေးတယ်။ ဒါပေမယ့် အဲဒီ စာအုပ် ဟာ ဈေးကွက်ကို မတင်လာသေးတဲ့အတွက် လက်ရှိမှာတော့ The Royal Order Of Burma ဟာ တန်ဖိုးအကြီးဆုံး စာအုပ်ဖြစ်လျက်ရှိပါတယ်။

Source : Zay Yar San (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။