“အမုန်းမှသည်” ဇာတ်ကားထဲက မင်းသားချောလေး နေကိုးလ် ကို ပရိသတ်တွေ အချစ်ပိုသလို “ပဉ္ဇလက်ရွာ” ဇာတ်ကားထဲက ရေဝတီလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကိုလည်း ပရိသတ်ကြီး သတိရနေမယ်လို့ ထင်ပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပါးချိုင့်မင်းသားလေး ကောင်းမြတ်စံနဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းတို့ကတော့ ဇာတ်လမ်းတွဲတစ်ခုမှာ အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်..။

MRTV-4 က မကြာခင် ထုတ်လွှင့်ပြသမယ့် “နှလုံးသားနှင့် အနီးဆုံး” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ အဓိကဇာတ်ဆောင်တွေအဖြစ် အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးကြမှာ ဖြစ်ပြီး ကန်တော့ပွဲပေးပွဲကိုတော့ ယနေ့ ဖေဖော်ဝါရီ(၂၇)ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

အဲ့ဒီဇာတ်ကားလေးမှာ ပါဝင်ရိုက်ကူးမယ့် အကြောင်းလေးကိုတော့ မင်းသားချောလေး ကောင်းမြတ်စံက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေး ပြောပြထားတာ ဖြစ်ပါတယ်..။

“နှလုံးသားနှင့် အနီးဆုံး အတွက် ကန်တော့ပွဲပေးပြီးပြီ.. ကြိုးစားရအုံးမယ်နော့်...” လို့ ရေးသားထားပြီး ဘုရားပေါ်မှာ ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုတော့ ညကျရင် တင်ပေးမယ်လို့လည်း ပြောထားပါသေးတယ်..။

“နှလုံးသားနဲ့ အနီးဆုံး” ဇာတ်လမ်းတွဲကိုတော့ ထိုင်း ဒါရိုက်တာ Mr. Seree Lachonnabot က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး ကောင်းမြတ်စံ၊ သီဟ၊ စွမ်းထက်ညီညီ၊ မာန်ဟိန်း၊ ပိုင်အုပ်စိုးအောင်၊ နန်းစန္ဒာလှထွန်း၊ မေဧကရီထူး၊ လင်းဇာနည်ဇော်၊ ဆုထက်ကုဋေ၊ နန်းအိနြေ္ဒရှင်၊ ညီနန္ဒာ၊ ဒေါင်းဝေ၊ ဖူးဖူးဟန်နီထွေးနဲ့ အခြားအနုပညာရှင်များစွာ ပါဝင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်..။

မကြာခင်မှာ MRTV-4 မှာ ထုတ်လွှင့်ပြသတော့မယ့် မင်းသားချောလေး ကောင်းမြတ်စံနဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းတို့ရဲ့ အတွဲညီညီနဲ့ သရုပ်ဆောင် ရိုက်ကူးထားတဲ့ “နှလုံးသားနဲ့ အနီးဆုံး” ဇာတ်လမ်းတွဲလေးကို ပရိသတ်တွေ ရှု့စားရတော့မှာဖြစ်တဲ့ အကြောင်းလေးကို Myanmarload ပရိသတ်ကြီးများအတွက် သတင်းကောင်းလေး ပါးပေးလိုက်ပါတယ်နော်..။

Source - ကောင်းမြတ်စံ fb

Photo - Mr. Seree Lachonnabot

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။