ဒါရိုက်တာ သရုပ်ဆောင်ကိုပေါက်တို့မိသားစုကတော့ ပျော်ပျော်ပါးပါးလည်ပတ်နေကြပါတယ်။ သရုပ်ဆောင်လည်းဟုတ် ဒါရိုက်တာလည်းဟုတ်တဲ့ ကိုပေါက်ဟာ အလုပ်တွေမအားမလပ်ကြားက မိသားစုကိုအချိန်ပေး လည်ပတ်နေပါတယ်။

ဇနီးသည်နဲ့အတူ သားနှစ်ယောက်ကို ကစားကွင်းကိုလိုက်ပို့ပေးတယ်ဆိုပြီး ရေးသားထားပါတယ်။ စားချင်တာတွေလည်းလိုက်ကျွေးတယ်ဆိုပြီး ပျော်ပျော်ပါးပါ ဖေ့စ်ဘုတ်မှာပြန်လည်မျှဝေထားပါတယ်။ ကိုပေါက်ဟာ တချိန်ကသရုပ်ဆောင်လောကမှာ မပါမဖြစ်ဇာတ်ပို့ဟာသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ 

ဇာတ်ကားများစွာကိုပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုချိန်မှာတော့ ဒါရိုက်တာအလုပ်နဲ့သာ ဘဝကိုဖြတ်သန်းနေပါတယ်။ သူကိုအားပေးတဲ့ပရိသတ်တွေကတော့ အခုချိန်ထိဆက်လက်အားပေးမြဲပါပဲ။ အခုတော့ ကိုပေါက်တို့မိသားစုရဲ့ လည်ပတ်နေတဲ့အားကျစရာ ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 

source - Aung Min Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။