တစ်ချို့သော ချစ်သူကောင်မလေးတွေက အင်မတန်ချွဲနွဲ့တတ်ပြီး စိတ်လဲအင်မတန်မြန်တတ်ကြပါတယ်။ ဒါကိုချစ်ကြတဲ့ သူတို့ရဲ့ကောင်လေးတွေကတော့ သည်းခံပြီး လက်တွဲနေဆဲပါ။ ဒါပေမယ့် ဒီလိုကောင်မလေးမျိုးကတော့ အင်မတန်ချစ်တဲ့ ချစ်သူကသာလျှင် သည်းခံပြီးလက်တွဲနိုင်မှာပါ။

ဗီဒီယိုဖိုင်တစ်ခုမှာ တက်လာတဲ့ပုံအရတော့ ကောင်မလေးဟာ သူ့ရဲ့ချစ်သူကောင်လေးကို သစ်သီးဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဝယ်ခိုင်းတဲ့သစ်သီးဟာ စျေးကြီးတဲ့အမျိုးအစားဖြစ်နေတဲ့အတွက် ကောင်လေးဟာ ငြင်းဆိုခဲ့ပါတယ်။ 

ဒါပမယ့်ကောင်မလေးကနေ လူတွေကြားမှာ ကောင်လေးကို ဝယ်ပေးဆိုပြီးတော့သာ ဆက်လက်ပူဆာနေပြီး နောက်ဆုံးမှာတော့ ဝယ်ပေးမလား၊ မဝယ်ပေးဘူးလားဆိုပြီးတော့မေးတဲ့အခါ ကောင်လေးကငြင်းတဲ့အခါမှာတော့ ကောင်မလေးကနေ ပေါင်ခြံနေရာကို ဆက်တိုက်ဆက်တိုက် ကန်နေခဲ့ပါတယ်။ ကောင်လေးဟာ မြေကြီးပေါ်လဲကျခဲ့နေတာတောင်မှ ကောင်မလေးဟာ ဒေါသကိုမထိန်းနိုင်ဘဲ ဆက်ပြီးကန်နေခဲ့ပြီး နောက်မှာ ဘေးလူတွေကနေ ဝင်ဆွဲနေရတာကိုတွေ့ရမှာပါ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။