ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာကျေးရွာမှာ ဖေဖေါ်ဝါရီလ ၂၅ရက်က မှုးယစ်ဆေးဝါးများစွာ ဖမ်းဆီးရရှိခဲ့ပါတယ်။ နေနူရ်အာလောင်နေအိမ်မှာ မူးယစ်ဆေးဝါးများရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရသက်ဆိုင်ရာက သွားရောက်ရှာဖွေရာ WY စာတမ်းပါ

စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

ဖမ်းဆီးရရှိမိသော မူးယစ်ဆေးမှာ ကျပ်သိန်းပေါင်း(၃၇၀၀)ကျော်တန်ဖိုးရှိပြီး နနူရ်အာလောင်နေအိမ်ကို ရဲမှူး ဝေဖြိုးနိုင် ဦးစီးတဲ့အဖွဲ့ကဝင်ရောက်ရှာဖွေရာမှာ နေအိမ်အခန်းလွတ်အတွင်း အံဝှက်မြေကျင်းမှာမြှုပ်နှံထားတဲ့အပေါ် တိတ်အကြည်ဖြင့်ပတ်ထားတဲ့အထုတ်(၁၉)ထုတ်ကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

အထုတ်ကြီး(၁၉)ထုတ်မှာ(WY)စိတ်ကြွဆေးပြား (၁၉၅)ပြားစီဖြင့် စုစုပေါင်းစိတ်ကြဆေးပြား(၁၈၅၂၅၀)ပြား၊တစ်ပြားလျှင် ကာလတန်ဖိုး(၂၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၇၀၅၀၀၀၀၀)ကျပ်ဖိုးပါရှိတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး လက်ဝယ်တွေရှိသူကို ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Source - Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။