အေစီမီလန်အသင်းဟာ ရာသီအစက လူအင်အားဖြည့်တင်းမှုတွေများစွာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။သို့သော် ထင်ထားသလောက် မဖြစ်ခဲ့ပဲ ရလဒ်တွေ ဆိုးဝါခဲ့တာကြောင့် နည်းပြ မွန်တဲလား ပါ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ မွန်တဲလားကို ထုတ်ပယ်ခဲ့ပြီးနောက် ဂတ်တူဆိုကို အေစီမီလန်နည်းပြအဖြစ် ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂတ်တူဆို စတင်ကိုင်တွယ်တဲ့ အချိန်မှာ အသင်းဟာ အသားမကျသေးတာကြောင့် ရလဒ်ဆိုးတွေထဲက ရုန်းမထွက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အသင်းဟာ ဂတ်တူဆိုပုံဖော်တဲ့ ကစားကွက်နဲ့ အသားကျလာခဲ့ပြီး ရလဒ်ကောင်းတွေ ရယူနေတာလည်းဖြစ်ပါတယ်။နောက်ဆုံး ၁၂ ပွဲမှာ အေစီမီလန်အသင်းဟာ လုံးဝ ရှုံးပွဲမရှိခဲ့တာလည်းဖြစ်ပါတယ်။ယူရိုပါလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တတ်လှမ်းထားနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ နောက်ဆုံး ၁၂ ပွဲရလဒ်

ပွဲ ၁၂ ပွဲ

နိုင်ပွဲ ၉ ပွဲ

သရေပွဲ ၃ ပွဲ

ရံှူးပွဲ မရှိ

သွင်းဂိုး ၁၉ ဂိုး

ပေးဂိုး ၄ ဂိုး

Clean Sheets ရရှိထားခဲ့တဲ့ ပွဲ ၈ ပွဲ

source - bleacher report football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။