ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုဟာ နောက်ထပ်လိုချင်နေသေးတဲ့ အိမ်မက်တစ်ချို့ကို အင်တာဗျူး တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။စီရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် တစ်ကိုယ်တော်ဆုတံဆိပ်တွေနဲ့ ဆုဖလားများစွားကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ စီရော်နယ်ဒိုဟာ သူရရှိထားခဲ့တဲ့ ဆုဖလားတွေအတွက် ကျေနပ်ပီတီဖြစ်နေတာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ " ကျွန်တော် ရွှေဘောလုံးဆု ၅ ကြိမ်ထိရရှိမယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။လက်ရှိမှာ ကစားသမားဘဝ အနားယူခဲ့မယ်ဆိုရင်တောင် ကျေနပ်ပျော်ရွင်မိမှာပါ။ဒါပေမယ့် ဖြစ်နိုင်ရင် ရွှေဘောလုံးဆုကို နောက်ထပ် ၂ ကြိမ် ၃ ကြိမ်လောက်တော့ ရယူချင်ပါသေးတယ်" လို့ ဖြေကြားခဲ့ပါတယ်။ 

ဒါ့အပြင် စီရော်နယ်ဒိုက ဆက်လက်ပြီး "ဆုဖလားတွေအတွက် နောက်ထပ်မျှော်မှန်းချက်တွေရှိသေးလားလို့ မေးရင် မရှိတော့ဘူးလို့ပဲ ဖြေရမှာပါ။စိတ်ကူးထားသမျှအရာအားလုံးကို ကျွန်တော်ရယူနိုင်ခဲ့ပါပြီ။ရရှိခဲ့တာတွေဟာ ကျွန်တော်မှန်းထားတာတွေထက်တောင် ပိုနေပါသေးတယ်။ဒါပေမယ့် တကယ်လို့ တစ်ခုခုရယူနိုင်အုံးမယ်ဆိုရင်တော့ ကမ္ဘာ့ဖလားဆု ကို ရယူချင်ပါသေးတယ်။တစ်ခြားအသင်းတွေက ကျွန်တော့်တို့ ပေါ်တူဂီအသင်းထက် ဖလားရဖို့ အများကြီး ရေပန်းစားပါတယ်။ဒါပေမယ့် ပြိုင်ပွဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ကျွန်တော့်ရဲ့ ကစားသမားဘဝဟာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။ 

source - sport myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။