နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေပန်းချီတစ်ယောက် သူမရဲ့ချစ်စရာကောင်းတဲ့ Snap Shot တွေကို ပရိတ်သတ်တွေထံ အရောက်ပို့ပေးလိုက်ပါပြီ။ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ် ပြည့် ပြည့်၀၀လေးမို့ တကယ့်ကို ဖြစ်ညှစ်ချင်စရာကောင်းလောက်အောင်ကို သူမကဆွဲဆောင်မှုပိုလွန်းသူတစ်ယောက်ပါ ပဲ။ အနုပညာလမ်းကြောင်းပေါ်မှာ သူမလျှော က်လှမ်းနေတာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့် ခဲ့ပြီဖြစ်ပြီး အားပေးသူပရိတ်သတ် တွေကလည်း အများ အပြားပါပဲ။

ပြီးခဲ့တဲ့ နှစ်က သူမရုပ်ရှင်ရိုက်ကူးနေစဉ် နာမည်ကျော်မင်းသမီးတစ်ဦးက ဇာတ်ညွှန်း ထဲမှာ မပါတဲ့ စကားလုံးတစ်ချို့နဲ့ သူမကိုခပ်ရင့်ရင့်ပြောဆိုလိုက်တာကြောင့် စိတ်မကောင်း ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ပရိတ်သတ်တွေထံ ရင်ဖွင့်ခဲ့ပါသေးတယ်။ ရုပ်ရှင်ရိုက်ကူး နေစဉ်မှာ ပိုပြီးသရုပ်ပေါ် အောင် ပုံဖော်ရတဲ့အတွက် တစ်ချို့အမှားအယွင်းလေးတွေဖြစ် တတ်တာလည်းရှိတာမို့ သူမအနေနဲ့တော့ ဗွေမယူပါဘူးလို့ဆိုပါတယ်။ အနုပညာလောက သားအချင်းချင်း ဖြစ်တာမို့ တစ်ဦးအပေါ်တစ်ဦး ချစ်တဲ့စိတ်နဲ့ခွင့်လွှတ်ပေးခဲ့တဲ့ သူမရဲ့မြင့် မြတ်တဲ့စိတ်ထားလေးက တကယ်ကိုချစ်ဖို့ကောင်းလှပါတယ်။

၀၀ပြည့်ပြည်ကိုချစ်ပါ ပြည့်ပြည့်၀၀ပြန်ချစ်ခံရမယ်ဆိုတဲ့ စကားလေးအတိုင်းပဲ ပြည့်ပြည့် ဖောင်း ဖောင်း လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်း တဲ့သူမရဲ့ပုံရိပ်လေးက တကယ်ကိုအသည်း ယားချင်စဖွယ်ပါပဲ။ " အယ်မ တော်တော်များလှသွားသလား??? အယ်ကိုတို့ အယ်မတို့ရေးး တကယ်ချစ်ရင် ဒီလိုအချိန်တွေလဲချစ်ပါ " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ပြည့်ပြည့် ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ မေပန်းချီရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်နော်။

Photo - မေပန်းချီစိုးနောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။