ချစ်ရတဲ့သူလည်းရှိပါရဲ့ ချစ်စကားတွေလည်း ကြွယ်တက်ပါရဲ့နဲ့ ဘာကြောင့်များသင့်ကို ပြန်မချစ်ကြတာလဲဆိုတဲ့အချက်ကို စဉ်းစားမိရဲ့လား ?

ဒီလိုအချက်တွေကြောင့်ဆိုတာ သင်မမေ့ပါနဲ့။

(၁) ကပ်စေးနည်းလွန်းတာ ။

ယောက်က်ျားလေးတစ်ယောက်ဖြစ်ပြီး ငွေရေးကြေးရေး စကားတွေပြောလွန်းတာ ကိုရှော င်ရှား ဖို့ မမေ့ပါနဲ့ ။

(၂) ဇီဇာကြောင်လွန်းတာ ။

ယောက်ျားလေးတွေ ဇီဇာကြောင်ပြီဆို မိန်းခလေးတွေလိုက်မမှီတာမို့ ဒီအချက်တွေကို ရှောင်ရှား ရမယ့်အချက်ထဲမှာ ထည့်လိုက်ပါ။

(၃) အပေါင်းအသင်းများလွန်းတာ။

ကိုယ့်ကိုသဘောကျတဲ့ယောက်ျားလေးတစ်ယောက်မှာ အပေါင်းအသင်းတွေများလွန်း တာကို ဘယ်မိန်းခလေးမှ သဘောမကျပါဘူး။ အထူးသဖြင့်မိန်းခလေးသူငယ်ချင်းတွေပေ့ါ ။

(၄) ရည်ရွယ်ချက်မရှိတာ ။

ရည်ရွယ်ချက်မရှိတဲ့ အမျိုးသားတစ်ယောက်ကို လက်တွဲဖို့ဆိုတာက မိန်းခလေးတစ်ယော က်အတွက် အရမ်းကိုခက်ခဲတဲ့အလုပ်တစ်ခုပါ ။

(၅) မိသားစုကိုအချိန်ပေးလွန်းတာ ။

တွေ့ဆုံတဲ့အခါ မိသားစုနဲ့ အလုပ်အကြောင်း အမြဲတမ်းပြောနေတာမျိုးရှောင်ပါ။ သူမဝါသနာ လေး တွေကို စိတ်ဝင်တစားပြောကြည့်လိုက်ပါ။

(၆) ဖက်ရှင်အကျလွန်နေတာ ။

ပဲတွေအများလွန်းပြီး ဖက်ရှင်တွေအသားပေးလွန်းတာမျိုးတွေက အာရုံနောက်စေတာမု့ိ ရှောင်ဖို့ မမေ့ပါနဲ့။ ဖက်ရှင်ထက် သပ်ရပ်တဲ့ဝတ်စုံကိုသာ ရွေးချယ်ပါ။

သင့်မှာချစ်သူမရှိသေးဘူးဆိုရင်တော့ ဒီအချက်ကလေးတွေပြင်ကြည့်လိုက်ပါနော် ။

ဒါဆိုရင်တော့ နောက်ထပ်ရေးမယ့် ပျော်စရာကောင်းမယ့် ချစ်သူဘဝ ဆိုတဲ့အကြောင်း အရာကလေးက သင့်အတွက် ဖြစ်လာမှာပါ ။

Source – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။