အက်သလက်တီကိုအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားနှစ်ယောက်ကို တရုတ်ကလပ်တစ်ခုကို ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။ဒါလီယန် လီဖန်းအသင်း ဆိုတဲ့ တရုတ်ကလပ်ကို ရောင်းချခဲ့တာဖြစ်ပါတယ်။အက်သလက်တီကိုအသင်းရောင်းချခဲ့တဲ့ ကစားသမားတွေကတော့ ဂိုင်တန် နဲ့ ကာရက်စကို တို့ပဲဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ နှစ်ယောက်ပေါင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းကတော့ နှစ်ယောက်လုံးကို ရောင်းချလိုက်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ထုတ်ပြန်ချက်အရ ကာရက်စကို ကို ၂၂ သန်းနဲ့ ရောင်းချခဲ့ပြီး ဂိုင်တန်ကိုတော့ ၁၈ သန်းဝန်ကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။သို့သော် စပိန်သတင်းတွေအဆိုအရ ကာရက်စကို ကို ယူရို သန်း ၃၀ နဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါလီယန် လီဖန်းအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှုး ဖြစ်တဲ့ ဖာနန်ဒိုတောရက်ကို ပါ ခေါ်ယူဖို့ ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။သို့သော် တောရက်စ်ဟာ တရုတ်ကလပ်မှာ သွားရောက်ကစားလိုခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

source - sports myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။