အကယ်ဒမီဆုများစွာကို ပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးကြီးမေသန်းနုကတော့ အရွယ်ရလာလေ တည်ငြိမ်တဲ့အလှတွေကို ပိုမိုပိုင်ဆိုင်လာလေပါပဲ ပရိသတ်ကြီးရေ ။

နှစ်ပေါင်းရှည်ကြာစွာ အောင်မြင်မှုသရဖူကို ဆောင်းထားနိုင်တဲ့သူမရဲ့ ထင်ပေါ်ကျော် ကြားမှုတွေကတော့ ယခုချိန်ထိ အရှိန်ရှိန်အဟုန်ပြင်းစွာ အားကောင်းနေဆဲပါ။

အရွယ်တင်ကာ လှပဆဲနှပျိုဆဲဖြစ်နေတဲ့ သူမကဒီနေ့တော့ Bella ရဲ့အလှကုန်ပစ္ စည်းလေး အတွက် ကြော်ငြာရိုက်ကူးပေးခဲ့ပါတယ်။

ပုံမှန်မြင်နေကျ အမေအခန်းတွေကဝတ်ဆင်ပုံတွေနဲ့ ကွဲပြားနေတာနေပြီး အနက်ရောင် ကိုယ်ကျပ် အကျီလေးနဲ့ မိန်းမပျိုလေးတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် နှပျိုနေဆဲ ဆိုတာ ဒီပုံလေးတွေကတဆင့် ပရိသတ်ကြီးလက်ခံမိမယ် ထင်ပါတယ်။

ဘယ်လိုပဲနှစ်တွေပြောင်းလဲခဲ့ပါစေ သူမရဲ့ဇာတ်လမ်းတစ်ခုလောက် ပရိသတ်ရှေ့ကို ရောက် လာပြီဆိုတာနဲ့ အကြည့်တွေမခွာနိုင်လောက်အောင်ကို ပီပြင်တဲ့ဇာတ်ရုပ်နဲ့ ပရိသတ် ကို ဖမ်းစားနိုင်ဆဲပါ။

တက်သစ်စလူငယ်ကလေးများကိုလည်း လက်တွဲခေါ်ယူကာ အမကြီးအမိနေရာကနေ အတွေ့အကြုံများ ပညာများကို ပြန်လည်မျှဝေပေးတက်တဲ့သူမို့ ကောင်းသတင်းတွေနဲ့ ကျော် ကြားနေသူ နာမည်ကြီးမင်းသမီး မေသန်းနုပဲ ဖြစ်ပါတယ်။

Photo - Bella Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။