ဖေဖော်ဝါရီလ(၂၅) ရက်ညနေ(၆) နာရီခွဲအချိန်၊စက်လှေတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လှေပေါ်တွင်လိုက် ပါလာသူ(၁၈)ဦး အနက် အသက်ရှင်ကျန်ရစ်သူ ကျောင်းသား/ကျောင်းသူများ စာမေးပွဲဆက်လက် ဖြေဆိုခဲ့ကြ တယ်လို့သိရပါတယ်။''ခရိုင်ပညာရေးမှူးဦးဝင်းမောင်၊ မြို့နယ်ပညာရေးမှူး ဦးရာမှူးနဲ့ဆရာမ(၂)ယောက်ကြီး ကြပ်ပြီး ကလေးတွေစာမေးပွဲဖြေနေပါတယ်၊လုံးတုံဆေးရုံက အခန်းတစ်ခုမှာပါ၊ အားလုံး (၇)ယောက်ရှိပါတယ်'' လို့ အင်းတော်ကြီးဒေသမှ ဦးသက်နိုင်ကပြောပါတယ်။အဆိုပါကျောင်းသား/ကျောင်းသူများကတော့ အင်းတော် ကြီးဒေသ လုံးစန့်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသားများဖြစ်ပြီး အဋ္ဌမတန်းပညာသင်ကြားနေကြ သူများပဲ ဖြစ်ပါတယ်။  

အဆိုပါ ကျောင်းသားများကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂၅)ရက်နေ့က အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရား သို့ ဘုရားဖူး သွားခဲ့ကြရာ ဘုရားနှင့်မဝေးလှသော လွဲမွန်ကျေးရွာအုပ်စု၊ နန့်မီးလောင်ကျေးရွာရှိ နှီးဘုရားအား ဖူးပြီးအပြန် အင်းတော်ကြီးကန်ရဲ့ကမ်းစပ်မှ (၃)ဖာလုံခန့်အကွာတွင် လှိုင်းထန်၍စက်လှေ တိမ်းမှောက်နစ်မြုပ် ခဲ့တာပဲ ဖြစ်ပါတယ်။စက်လှေပေါ်တွင်လိုက်ပါစီးနှင်းလာသူ (၁၈)ဦးအနက အထက်တန်းကျောင်း(ခွဲ)လုံးစန့်မှ အလယ်တန်းပြဆရာမတစ်ဦး၊ စက်လှေမောင်း တစ်ဦးနှင့် အထက်တန်းကျောင်း(ခွဲ)လုံးစန့်မှ အဋ္ဌမတန်း ကျောင်းသား ကျောင်းသူ(၇)ဦးတို့ကိုသာကယ်ဆယ်နိုင်ခဲ့ပြီး လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ တာပဲဖြစ်ပါတယ်။ 

အခင်းဖြစ်ပွားရာနေရာကိုတော့ ရွှေမဉ္ဇူဘုရားပွဲကြီးကြပ်ရေးတာဝန်ရှိသူများနှင့်အတူ နယ်မြေခံတပ်စခန်းမှ အရာရှိစစ်သည် များ၊ ဒေသခံပြည်သူလူထုစုပေါင်းအင်အား အယောက် (၄၀)ခန့်က စက်လှေ(၃)စီးဖြင့် သတင်းရရချင်း အင်တိုက်အားတိုက် ရှာဖွေဆောင်ရွက်ခဲ့လို့ လှေပေါ်ပါသူ အချို့ကို ရှာဖွေကယ်ဆယ် နိုင်ခဲ့တာ ဖြစ်တယ်လို့ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးဖြိုးကိုကိုက ပြောကပြောပါတယ်။ စက်လှေတိမ်း မှောက်ရာတွင် ပျောက်ဆုံးနေ(၉)ဦးကိုလည်း ယနေ့ ဖေဖော်ဝါရီ(၂၆)ရက်၊ နေ့လည်(၁၁)နာရီ အချိန်ခန့်တွင် ပြန်လည်ရှာဖွေတွေ့ရှိပြီး လုံးတုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။စက်လှေမောင်းနှင်သူ မောင်ဦးအား လုံးတုံနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။