ကရင်ပြည်နယ်၊ဘားအံမြို့၊ သံလွင်တံတားအလယ်၊ တိုင်အမှတ် PH 8 နှင့် PH 7 အကြား ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းက အမည်မသိအမျိုးသားတစ်ဦးတံတားပေါ်မှ သံလွင်မြစ်အတွင်းသို့ ခုန်ချခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့နံနက် ၉ နာရီအချိန်က ခုန်ချသွားတာဖြစ်ပါတယ်။

အမည်မသိအမျိုးသားတစ်ဦးတံတားပေါ်မှ သံလွင်မြစ်အတွင်းသို့ ခုန်ချသွားကြောင်း သတင်းအရ ဘားကပ်ရဲကင်းမှူး ရဲအုပ်နှင့်အဖွဲ့၊ ဘားကပ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ကြည့်ရူ့စစ်ဆေးရာ ဘားအံမြို့ဘက်မှ သထုံမြို့ဘက်သို့ အမည်၊ နေရပ်လိပ်စာမသိ အသက် ၂၂ နှစ်ခန့် ၊ ဆံပင်တို၊ အသားဖြူ ၊ အနီရောင်အကျ်ီလက်တို၊ ဘောင်းဘီရှည် ဝတ်ဆင်ထားသူမှာ ၎င်းမောင်းနှင်လာသော ဆိုင်ကယ်အမှတ် ၂ယ/၅၆၄၀၆ Dream 125 အစိမ်းပြာရောင် ဆိုင်ကယ်အား ရပ်တန့်၍ သော့နှင့် ဆိုင်ကယ်ဦးထုတ် အနီရောင်တို့အား အနီးတွင်ပစ်ချ၍ လက်ရမ်းအား ကျော်တက်ပြီး သံလွင်မြစ်အတွင်း ခုန်ချသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အမည်မသိအမျိုးသား မြစ်တွင်းခုန်ချမှုဖြဟ်ဟဉ်ကို အမှတ် ၇ ရပ်ကွက်နေသူနှင့် တံတား လုံခြုံရေးအဖွဲ့များက အော်ဟစ်တားဆီးသော်လည်း တားဆီးရျ်မရဘဲ မြစ်တွင်းခုန်ချသွားခဲ့တာဖြစ်ပါတယ်။ ကျန်ရှိဆိုင်ကယ်နှင့်ပစ္စည်များအား ရဲအုပ်မှ သက်သေများရှေ့ စနစ်တကျသိမ်းဆည်းထားကာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လမှုရေးအဖွဲ့များကျေးရွာသူ/သား သံလွင်မြစ်အတွင်း လိုက်လံရှာဖွေလျက်ရှိနေကြောင်းသိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။