ကမ္ဘာ့သမိုင်းတွင် စာအုပ်သည် ၁၅ ရာစုမှ စတင်နေရာယူလာကြသည် ဟုထင်ပါသည်။ လက်လှမ်းမီ သမျှတင်ပြရလျှင် ကမ္ဘာ့ပထမဆုံးစာအုပ်သည် ခရစ်နှစ် ၁၄၅၆ ခုနှစ်မှစတင်ပုံနှိပ်သည်ဟု အဆိုအမိန့် ရှိခဲ့ပါသည်။ ခရစ်နှစ် ၁၄၅၆ ခုနှစ်တွင် 'ဂျွန်ဂူတင်ဘတ်ဆိုသူက သမ္မာကျမ်းစာအုပ် အတွဲနှစ်တွဲကို စတင်ပုံနှိပ်ထုတ်ဝေသည်။

ထိုစာအုပ်တွင် စာတစ်မျက်နှာ၌ စာကြောင်းရေ ၄၂ ကြောင်းပါရှိပြီး နှစ်ကော်လံခွဲခြား ဖော်ပြသည်။ ထိုစာအုပ်တွင်ပြီးစီးရန် ၅ နှစ်ကြာ ပုံနှိပ်ခဲ့ရသည်ဟု သိရှိမှတ်သားရပါ သည်။ ပထမဆုံးသောရောင်စုံ ပုံနှိပ်စာအုပ်ကို ခရစ်နှစ် ၁၄၅၇ ခုနှစ်တွင် 'ဂျွန်ဖတ်နှင့် ပီတာရှိုဖာတို့ နှစ်ဦးက ပုံနှိပ်ထုတ်ဝေခဲ့သည်။

ခရစ်နှစ် ၁၄၇၅ ခုနှစ်တွင် 'ဝီလီယမ် ကက်စတာသည် ထရွိုင်မြို့သမိုင်း ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားကာ ၁၄၇၇ ခုနှစ်၌ အင်္ဂလန်နိုင်ငံမှ စာအုပ်အဖြစ် ထုတ်ဝေခဲ့ သည်။ထိုအချိန်မှစတင်ပြီး ယခုအချိန်အထိ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားလှတဲ့ စာအုပ်ပေါင်းမြောက်မြားစွာထွက်ရှိလို့ လာခဲ့ပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။