ပါပူဝါ နယူးဂီနီနိုင်ငံမှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်က အားပြင်း မြေငလျင်ကြီးတစ်ခု လှုပ်သွားခဲ့တာပဲဖြစ်ပါတယ်။အဆိုပါ ပစိဖိတတ်နိုင်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းဒေသတွေမှာတော ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီး နောက်ဆက်တွဲ မြေငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

၎င်းမြေငလျင်များ လုှပ်ခတ်သွာပြီးနောက် တယ်လီဖုန်းလိုင်းများလည်း ကြီးကြီးမားမားပြတ်တောက်သွားခဲ့ပြီး ထိခိုက်ပျုက်စီးမှုတွေများစွာရရှိခဲ့တယ်လို့သိရပါတယ်။ ယခုအချိန်အခိျိန်ထိဆိုရင်လဲ ထိုငလျင်ကြောင့် သေဆုံးသူအယောက် ၃၀ ကျော်လောက်ရှိနေပြီပဲဖြစ်ပါတယ်။ 

ထိခိုက်ဒဏ်ရာသူတွေလည်း အယောက် ၃၀၀ ကျော်ရှိနေပြီး အဆောက်အဦးတွေလဲများစွာ ပျက်စီးခဲ့တာပဲဖြစ်ပါတယ်။ထို့အပြင် ငလျင်တွေရဲ့နောက်ဆက်တွဲဖြစ်တဲ့ မြေပြိုမှုနှင့် မြေကျွံမှုတွေလည်း များစွာရှိနေတယ်လို့ိသိရပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။