မင်းသားကြီးရန်အောင်ရယ်လို့ကြားလိုက်နဲ့ တခေတ်တခါမှ တီဗွီဖန်သားပြင်ထကိမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ယောက်ဆိုတာ မသိသူမရှိလောက်အောင်ပါ။ သူကဝါရင့်သရုပ်ဆောင်တစ်ယောက်ပီပီ စကားလှလှတွေနဲ့လည်း သူရဲ့ဘဝတစ်စိတ်တစ်ဒေသ အကြောင်းကိုဖွင့်ဟလာပါတယ်။

ကလေးဘဝငယ်စဉ်ကတုန်းက ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ သူက အနိုင်ရရှိမှသာ ကျေနပ်သူဖြစ်ပြီး အရှုံးဆိုတာကို လက်မခံနိုင်သူ တစ်ယောက်လို့ ဆိုပါတယ် ။

ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါ အရာအားလုံးကို ယှဉ်ပြိုင်ချင်ပါတယ်။ အနိုင်ရချင်တဲ့စိတ်ကြောင့်လဲ ပြင်းပြင်းထန်ထနိကြိုးစားခဲ့ပြီး လိုချင်တဲ့နေရာကို ရောက်အောင်လျှောက်လှမ်းခဲ့တယ်လ်ု့ ဆိုပါတယ်ဝ

အရွယ်ရောက်လာတော့ အရာအားလုံးကိုပြိုင်ချင်လာတယ်။ပြိုင်လဲပြိုင်ခဲ့ပါတယ်။အလုပ်လုပ်တဲ့အခါမှာ အနိုင်ရော အရှုံးကိုပါ လက်ခံပီး ခံနိုင်ရည်ရှိလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အနိုင်ကို ထိန်းတက်ဖို့နဲ့ အရှုံးကို သတိထားပြင်ဆင်ဖို့အတွက် ကောင်းသောယဉ်ပြိုင်မှုတွေကို သူအမြဲကြိုဆိုပြီး မနေ့ကနဲ့ ဒီနေ့ကိုတောင် အမြဲပြိုင်နေလေ့ရှိတဲ့ ကျွန်တော်ပါ လို့ဆိုကာ စာသားလေးကို အဆုံသတ်ထားပါတယ်

ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ပြောစရာမလိုလောက်အောင်ကို ပညာသားပါလှတဲ့ စကားလေးတွေကို ပရိသတိအတွက် လက်ဆောင်ပါးသွားတာပဲ ဖြစ်ပါတယ်။ ဒီစကားကတကယ်ကိုမှတ်သားလောက်စရာကောင်းတာမို့ Myanmar Load ပရိသတ်ကြီးအတွက် ပြန်လည်ကာ မျှဝေပေးလိုက်ရပါတယ်။

Source - Yan Aung Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။