နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲကွီးထူးအောင်တစ်ယောက်တော့ ဘုရားဖူးသွားရင် သန့်ခန့်နေတဲ့ပုံကလေးတွေနဲ့လည်း အမိအရဓာတ်ဖမ်းခဲ့ပါသေးတယ်။ ပရိသတ်မလေးတွေ ကြွေချင်လဲကြွေလောက်စရာပါပဲ ။

ဒီနေ့ပုံလေးအတွက် သူရေသားထားတဲ့ စာသားလေးကတော့ " လူဘဝတိုတိုလေးပါ။ နေချင်သလိုနေစမ်းပါ မင်းအတွက်လို့ " ရေးသားထားပါတယ်။ ဘယ်သူအတွက်များပါလိမ့်နော် ။

သူရဲ့ဖက်ရှင်အတွက်ကတော့ နေကာမျက်မှန်တစ်လတ်က မပါမဖြစ်ပါ။ သာမန်ရိုးရှင်းတဲ့ဖက်ရှင်လေးတွေ ဝတ်ဆင်ထားပေမယ့်လည်း သန့်ခန့်ကာ စတိုင်ချောမောနေတဲ့ ပုံကတော့ မပျောက်ပျက်သွားပါဘူး ။

အခုခေတ်လူငယ်တွေကြား ခေတ်စားနေတဲ့ ဘောဒီမိုက်မိုက်ကို ပိုင်ဆိုင်ထားတာမို့ နှုတ်ခမ်းနီမလေးတို့ နှုတ်ဖျားမှာ ကိုကိုထူးအောင်ရယ်လို့ ရေပန်းစားနေတာတော့ မထူးဆန်းတော့ဘူး ထင်ပါတယ်တေည်။

လတ်တလောမှာတော့ " ပုဂံ မြို့သူ " ဆိုတဲ့ဇာတ်လမ်းတွဲလေးကို ပုံဖော်ရိုက်ကူးနေပါတယ်။ဒီဇာတ်လမ်းတွဲလေးကတော့ ပရိသတ်အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ သူနဲ့အတူ မင်းသားကြီးကျော်သူ၊ ဒေါင်းနဲ့ မင်းသမီးချောလေး မေမြင့်မိုရ် တို့က အပီပြင်ဆုံးသော ဖန်တီးမှုများနဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာအုံးမှာမို့ စောင့်ကြည့်ဖို့တော့ မမေ့ပါနဲ့ ပရိသတ်ကြီးရေ ။

Source - Htoo Aung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။