"မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ခန္ဓာဖွ့ံဖြိုးမှု သူ့နေရာနဲ့သူရှိသင့်ပါတယ်" ဆိုတဲ့ အိန္ဒြာကျော်ဇင်

မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးဖြစ်တဲ့ အကယ်ဒမီ အူဝဲကတော့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းကြီးပိန်နေတာထက် သူ့နေရာနဲ့သူ အချိုးကျကျလှတာမျိုးကို ပိုကြိုက်ပါတယ်တဲ့ ပရိသတ်ကြီးရေ………

မော်ဒယ်လ်လောကကနေ အနုပညာလောကထဲသို့ စတင် ဝင်ရောက်လာပြီး ယနေ့အချိန်အထိ ပရိသတ်အချစ်တော်ဖြစ်နေသူလေးကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ အကယ်ဒမီပြေတီဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီးနှစ်ယောက်နဲ့အတူ အများကအားကျရတဲ့ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ထားပြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလည်း လုပ်ကိုင်လျက်ရှိပါတယ်။ သူမကို်ယ်တိုင် ခေတ်ပေါ်နာမည်ကြီးမင်းသမီးတွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေကြားလည်း အရမ်းကို ဟော့ဖြစ်နေပါတယ်။ ကလေးနှစ်ယောက်အမေဖြစ်နေပေမယ့် ယခုအချိန်ထိလှနေဆဲ သူမ ကိုယ်ခန္ဓာကို ဘယ်လိုထိန်းသိမ်းလည်းဆိုတာနဲ့ ပတ်သတ်ပြီး……………………

"အဓိကကတော့ ငယ်ရင်တော့အကြောင်းမဟုတ်ဘူး။ အမတို့လို အသက်ကြီးတဲ့သူဆိုရင် သိပ်ပိန်လွန်းရင်မကြိုက်ဘူး။ တကယ်တမ်းကိုယ်ပိန်နေတာက ပင်ပန်းလို့ ကလေးတွေကတစ်ဖက် အနုပညာအလုပ်တွေကတစ်ဖက်ဆိုတော့လေ။ အမက အရမ်းပိန်တာထက် မြန်မာမိန်းကလေးဆိုတော့လေ သူ့နေရာလေးနဲ့သူ ရှိတာလေးကိုပိုကြိုက်တယ်။ အမက အစားအသောက် အရမ်းကြိုက်တယ်။ အခုနောက်ပိုင်း အသက်ကြီးလာတော့ စားရင်စားသလို အရမ်းတက်တယ်။ အခုတော့ ညစာလျော့စားနေပါတယ်။ နောက်တစ်ခုက အမက Exercise ကို ငယ်ငယ်တည်းက ၁၈ နှစ်လောက်တည်းက ပုံမှန်လုပ်ဖြစ်တယ်။ အဲ့လိုလုပ်ထားတဲ့ အကျိုးကျေးဇူးဖြစ်လိမ့်မယ် သူများတွေလို နည်းနည်းစားရင် များများတက် အဲ့လိုမျိုးထဲမှာတော့ မပါဘူး။ နည်းနည်းကံကောင်းတယ်လို့ ပြောရမယ်။ အခုလည်း အဲ့လိုမျိုးအမြဲ exercise လေးတော့ လုပ်ဖြစ်တယ်ပေါ့နော်" ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။