နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ သန္ဒာဗိုလ်တစ်ယောက် VIVID Show ပွဲကိုတက် ရောက်ခဲ့တဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ မော်ဒယ်တစ်ဦးဖြစ်ပြီး ပရိတ်သတ် တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသူ တစ်ဦးလည်းဖြစိပါတယ်။ အကယ်ဒမီသရုပ်ဆောင် ချောရတနာရဲ့ ညီမရင်းဖြစ်ပြီး နာမည် ကျော်မင်းသားတစ်လက်ဖြစ်တဲ့ ကောင်းပြည့်နဲ့လည်း ချစ် သူတွေဖြစ်နေကြပြီး သူတို့နှစ်ဦးရဲ့ ချစ်သက်တမ်းဟာဆိုရင် လက်ရှိမှာ နှစ်နှစ်ကျော် တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ နှစ်ယောက် သားရဲ့ အဆင်ပြေတဲ့ အချစ်ရေးလေးကို ပရိတ်သတ်တွေ ကလည်း အားကျနေကြပါတယ်။

အလန်းစားပုံရိပ်တွေနဲ့ ပရိတ်သတ်တွေကို အမြဲလိုလိုဖမ်းစားနိုင်ခဲ့တဲ့သူမဟာ ဒီနေ့မှာလည်း ကြက်သွေးရောင်ဝတ်စုံလေးနဲ့ ပရိတ်သတ်တွေကို ထပ်မံဖမ်းစားလိုက်ပြန်ပါပြီ။ လှပလွန်းတဲ့ ဝတ်စုံလေးကို ကျော့ကျော့မော့မော့လေး ဆင်မြန်းထားတဲ့ သူမရဲ့ပုံရိပ်တွေက တကယ်ကို ဆွဲဆောင်မှုအပြည့်နဲ့ လှလွန်းနေပါတယ်။ သူမကတော့ ဘယ်လိုအနေအထား အဝတ် အစားပဲဖြစ်ဖြစ် အမြဲတမ်းရိုးမသွားပဲ လှမြဲလှဆဲပါပဲ။

သူမရဲ့အမိုက်စားပုံရိပ်တွေကို " Ready for VIVID show " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အမိုက်စား အကြည့် အကြွေစင်အပြုံး ဆွဲဆောင်မှုပြည့်တဲ့ ပုံစံလေးတွေနဲ့ သူမရဲ့ပုံရိပ်တွေက မြင်သူတိုင်း ကြွေဆင်းချင်စရာကောင်းလှပါတယ်။ သန္ဒာဗိုလ်ရဲ့ ညို့အားပြင်းတဲ့ ပွဲတက်ပုံရိပ် တွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Thandar Bo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။