နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီဦးကျော်သူ၊ ဒေါင်း၊ ထူးအောင်တို့ အတူတူ ရိုက်ကူးနေတဲ့ " ပုဂံမြို့သူ " ဆိုတဲ့ ဇာတ်လမ်းတွဲဟာ ပုဂံရှေးဟောင်းမြို့တော်မှာ ရိုက်ကွင်းနေတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိတ်သတ်စိတ်ဝင်စားမယ့် အချစ်ဇာတ် လမ်းလေးတစ်ခုလည်းဖြစ်ပါ တယ်။ MRTV 4 က တင်ဆက်မယ့် စိတ်ဝင်စားဖွယ် ဇာတ်လမ်း တွဲတစ်ခုဖြစ်မှာ အသေအချာပါပဲ။ လက်ရှိမှာ ရိုက်ကူးနေဆဲဖြစ်ပြီး ရိုက်ကွင်းပေါ်က စိတ်ဝင်စားဖွယ်ပုံရိပ်လေးတွေနဲ့တင် ပရိတ်သတ်တွေရဲ့ စိတ်ကိုအပြည့်အဝဖမ်းစားထားနိုင်နေ ပြီပဲဖြစ်ပါတယ်။

ကျော်သူ၊ ဒေါင်း၊ ထူးအောင်၊ မေမြင့်မိုရ်နဲ့ တခြားအနုပညာရှင်တွေ ပါဝင်အားဖြည့်ရိုက်ကူး နေတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ ပရိတ်သတ်တွေထံကို ဘယ်တော့ရောက်မလဲဆိုတာ မသေ ချာသေးပါဘူး။ ပရိတ်သတ်တွေရဲ့ အသည်းကျော်တွေချည်းဖြစ်ကြတဲ့ အနုပညာရှင်တွေ ပါဝင်တာမို့ လူစိတ်ဝင်စားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။ နာမည်ရပြီး သား အနုပညာရှင်တွေပါဝင်ရိုက်ကူး ထားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ ဇာတ်လမ်းတွဲလေးဖြစ်မှာတော့ အသေအချာပါပဲ။

ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို အကယ်ဒမီဦးကျော်သူက သူ့ရဲ့ Facebook မှာ " ဒေါင်းက အရိုက်ခံရ ထူးအောင်က ပြုတ်ကျ ကျော်သူက ဦးနှောက်စားရတဲ့ ပုဂံမြို့သူ " ဆိုပြီး တင်ထား တာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်လမ်းတွဲလေးဖြစ်မယ်ဆိုတာ ရိုက်ကွင်းပေါ်က ပုံရိပ်တွေနဲ့တင် သေချာသလောက်ဖြစ်နေပါပြီ။ ဒီဇာတ်လမ်းတွဲလေးရိုက်ကူးပြီးစီးသွားလို့ MRTV က ထုတ်လွှင့်မယ့် နေ့ကို ပရိတ်သတ်တွေကလည်း မျှော်လင့်နေကြလောက်ပါပြီ။ ဦးကျော်သူရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို တင်ဆက်ပေးလိုက် ပြီနော်။

Photo - Kyaw Thu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။