ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့နားက သူပုန်တွေသိမ်းပိုက်ထားတဲ့ အရှေ့ဂူတာမှာ ၅ နာရိကြာယာယီအပြစ်အခတ်ရပ်စဲဖို့ ရုရှားကပြောကြားထားပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေဆဲပဲလို့သိရပါတယ်။ ၎င်းတိုက်ပွဲတွေအတွင်းမှာတော့ လက်ရှိအချိန်မှာ အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးခဲ့ပြီလို့သိရပါတယ်။ 

အဆိုပါတိုု်က်ပွဲတွေ့ကြောင့် ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီတွေအနေနဲ့ သူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေဆီကိုသွားလို့မရနိုင်ဖြစ်နေကြပါတယ်။ ထို့အပြင် ၎င်းအခင်းဖြစ်ပွားရာနေရာကပြည်သူတွေလည်း အပြင်ကိုထွက်မလာနိုင်ကြဘူးလို့လဲသိရပါတယ်။ 

အပစ်အခတ်ရပ်စဲရေးစစချင်း ပထမနာရီပိုင်းမှာတော့ ပစ်ခတ်သံတွေရပ်သွားခဲ့ပေမယ့် ၅နာရီပြည့်ခါနီးမှာတော့ ဆီးရီးယား အစိုးရ ဘက်ကရော မဟာမိတ် ရုရှားတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ထိုတိုက်ပွဲတွေကြောင့်လက်ရှိအချိန်မှာဆိုရင် အရှေ့ဂူတာမှာ လူ ၄ သိန်းနီးပါးပိတ်မိနေတယ်လို့သိရပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။