ရုရှားနိုင်ငံ၊ ကလင်အင်ဂရက်မြို့မှာ ရေခဲတမျှအေးနေတဲ့ ရေကန်ထဲ ရေကူးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ အသက်ရွယ်အားဖြင့် အသက် ၇၀ အရွယ်အထိ ပြိုင်ပွဲဝင်များပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယှဉ်ပြိုင်ခဲ့ရတဲ့နေရာကတော့ ဘောလ်တစ်ပင်လယ်နားက ကလင်အင်ဂရက်မြို့မှာ ရေကူးပြိုင်ပွဲဝင်တွေဟာ ရေခဲတမျှအေးနေတဲ့ ရေကန်ထဲကူးခတ်ခဲ့ရတာဖြစ်ပါတယ်။

ရေကူးကန်အတွင်းမှဗအးခဲမှုဟာ အပူချိန် အနုတ် ၁၀ ဒီဂရီဆဲလ်စီးယက်စ်ရှိနေပါတယ်။ ဒီပြိုင်ပွဲကို အသက် ၁၁ နှစ်ကနေ အသက် ၇၀ ထိရှိတဲ့ ပြိုင်ပွဲဝင် ၇၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ “တော်တော်လေး အေးနေလို့ ရေကူးဖို့တောင် ခက်ပါတယ်။ ဒါပေမယ့် အခုတော့ ကျနော် တော်တော်လေး နွေးနေပါပြီ။ အအေးဒဏ်ကြောင့် ကြွက်သားတွေ တောင့်ကုန်တယ်။ အသက်ရှူဖို့ တော်တော်ခက်ပါတယ်” လို့ ရေကူးပြိုင်ပွဲဝင် တစ်ဦးပြောကြားချက်အရ သိရပါတယ်။

ရေကူးပြိုင်ပွဲကို ဒါဇင်နဲ့ချီတဲ့လူတွေ ကြည့်ရှုခဲ့ပြီး ပြိုင်ပွဲလုပ်တဲ့ ကန်တလျှောက်မှာ အားပေးခဲ့ကြပါတယ်။ အပူငွေ့ငွေ့ပေးထားတဲ့ ဝိုင်နဲ့ တည်ခင်းဧည့်ခံခဲ့တာကလည်း ကြည့်ရှုသူတွေကို သွေးပူစေခဲ့ပြီး ယခုလိုပြိုင်ပွဲဟာ ကျန်းမာရေး ကောင်းမွန်စေတယ်လို့ ယူဆပြီး ဆောင်းရာသီ အားကစားပွဲအဖြစ် ကျင်းပပေးတဲ့ ကလပ်တွေလည်း ရုရှားမှာ ရှိနေပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

Source- Dvb Tv Uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။