ယခုနောက်ပိုင်းမှာတော့ ဥရောပနိုင်ငံတစ်ချို့ရဲ့ အထက်တန်းကျောင်းတွေမှာ တရားမဝင်လက်နက်ဆောင်ယူလာပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ကျောင်းတွေမှာပစ်ခတ်မှုခံရပြီး ဆရာ/ဆရာမတွေ ကျောင်းသား/သူတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ထိုအကြောင်းအရာတွေနဲ့ပက်သတ်ပြီး ဖလော်ရီဒါအထက်တန်းကျောင်းသားလေးတွေမှ သေနတ်ထိန်းချုပ်ရေး တောင်းဆိုခဲ့ကြပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာသေနတ်ထိန်းချုပ်ရေး တောင်းဆိုကြတဲ့ ဖလော်ရီဒါ အထက်တန်းကျောင်းသားလေးတွေကို သရုပ်ဆောင် အိုပရာဝင်းဖရေးက ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။ “A Wrinkle in Time” ဇာတ်ကားနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခန်းတခုမှာ အိုပရာဝင်းဖရေးက ဖလော်ရီဒါ အထက်တန်းကျောင်းသားလေးတွေကို ချီးကျူးပြောဆိုလိုက်တာဖြစ်ပါတယ်။

“ကျမတို့ဟာ အဆိုးတွေချည်း အာရုံစိုက်နေလို့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝတရားကိုက ကိုယ်အာရုံစိုက်တဲ့အတိုင်း ဖြစ်တတ်လို့ပါ။ ကိုယ်အာရုံစိုက်တာကို ဒီထက်ပို ဖြန့်ကြက်ရမှာပါ။ ဒါကြောင့် သတင်းတွေက တနေ့တခြား ဆိုးဆိုးလာတာ။ အကြောင်းက ကျမတို့ဟာ အဆိုးတွေချည်း အာရုံထားနေလို့ပါ။ အပြောင်းအလဲလုပ်ဖို့ ကြိုစားတဲ့ အလင်းရောင် စစ်သည်လေးတွေကို ကျမတို့ စပြီး အာရုံထားကြည့်မယ်ဆိုရင် ကျမတို့ သိရမှာပါ။ ဒါ သဘာဝတရားပါပဲ” လို့ သရုပ်ဆောင် အိုပရာဝင်းဖရေးက ပြောကြားခဲ့ပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

Source - Rider

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။