ဖေဖော်ဝါရီ ၂၇ ရက်က အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်မှာ ရပ်ထားတဲ့ကားကို ကားတစ်စီးက အရှိန်နဲ့ဝင်ရောက်တိုက်မိခဲ့ပါတယ်။ဝင်တိုက်ခဲ့တဲ့ ကားဟာ ခရီးသည်များတင်ဆောင်လာတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ထိုဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၅ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိခဲ့တဲ့သူတွေ ၇ ဦးထိရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ 

အဆိုပါ ယာဉ်မတော်တဆမှုဟာ Maharashtra ပြည်နယ်မြို့တော် မွမ်ဘိုင်းမြို့ အရှေ့ဘက် ၄၀၀ကီလိုမီတာ အကွာခန့်ရှိ Solapur ခရိုင် ရှိ Haglur ရွာတွင် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဒဏ်ရာရရှိသူအားလုံးကိုတော့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

Solapur ခရိုင် ရဲတာဝန်ရှိသူတစ်ဦးက "ယနေ့နံနက်အစောပိုင်းမှာ ခရီးသည်များ တင်ဆောင်လာတဲ့ ကားတစ်စီးဟာ Haglur ရွာ ရှိ Tuljapur-Pandharpur လမ်းမပေါ်တွင် ရပ်နားထားသော SUV အမျိုးအစား ယာဉ်တစ်စီးကို ဝင်တိုက်မိခဲ့ပါတယ်။ဒါကြောင့် ယာဉ်၂စီး စလုံးမှ လူပေါင်း ၁၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့" ပြောကြားခဲ့ပါတယ်။ဒဏ်ရာရရှိသူများအနက် ၅ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန် ၇ဦးအား ဆေးကုသလျက်ရှိတယ်လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

source - xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။