တရုတ်နိုင်ငံမှာ ဟိုက်ဒရိုဂျင်ပူဖောင်း ပေါက်ကွဲမှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ စီဂျီတီအန်သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးခရိုင်၊ ဝူဟန်းမြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ တကယ်ကိုမထင်မှတ်ထားတဲ့အချိန်မှာ ပေါက်ကွဲဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ပူဖောင်းသည်ဆီက ဟိုက်ဒရိုဂျင်ပူဖောင်း ပေါက်ကွဲတာဖြစ်ပြီး အနီးနားကလူတွေဆီ ထိမှန်ခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ ၂ နှစ်အရွယ် ကလေးငယ်နဲ့ သူ့ရဲ့ဦးလေးဖြစ်သူ အမျိုးသားကိုတော့ ဆေးရုံဆီ ပို့ဆောင် ဆေးကုသမှု ပေးနေပါတယ်။ ပေါက်ကွဲမှုကြောင့် ဦးခေါင်း၊ မျက်လုံးစတဲ့ လူရဲ့အဓိကကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိချုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မီးတောက်မီးလျှံတွေနဲ့အတူ ကြောက်မက်ဖွယ် ပေါက်ကွဲခဲ့တာကို တွေ့ရပြီး ဒီပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ ဈေးသည်ဟာ ထွက်ပြေးသွားခဲ့တာမို့ ရဲတွေက သူ့ကို အရေးယူနိုင်ဖို့ စုံစမ်းရှာဖွေမှုတွေ လုပ်ဆောင်နေကြပါတယ်။ ပေါက်ကွဲမှုဟာမထင်မှတ်ဘဲပေါက်ကွဲခဲ့တာဖြစ်ပေမယ့် ပူဖောင်းသည်ဟာအပြစ်ရှိတဲ့အတွက် ဖမ်းဆီးရရှိပါက ဥပဒေအတိုင်းအရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားမြှဖြစ်ပါတယ်။

Source - CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။