ဆလိုဗက်ကီးယားနိုင်ငံမှာတော့ အခွန်လိမ်လည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့်ဂျာနယ်လစ်တစ်ဦးအသတ်ခံခဲ့ရတယ်လို့သိရပါတယ်။ထိုဂျာနယ်လစ်ကတော့ အသက်၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကက်စီယက်ခ် ဆိုတဲ့အမျိုးသားသတင်းထောက်တစ်ဦးပဲဖြစ်ပါတယ်။ 

အဆိုပါဂျာနယ်လစ်ကတော့ ထင်ပေါ်သူတစ်ချို့ပါဝင်ပတ်သတ်နေတဲ့ အခွန်အကောက်လိမ်လည်မှုကြီးခုကို ဖော်ထုတ်ရန် ကြိုးပမ်းနေခဲ့ရာမှအသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အသတ်ခံခဲ့ရတဲ့နေရာကတော့ ဆလိုဗက်ကီးယားမြို့တော် ဘရက်တီစလာဗာ ၏ အရှေ့ဘက် မိုင် ၄၀ အကွာ ဗယ်လ်ကာ မာကာ ကျေးရွာမှာရှိတဲ့ ၎င်း၏နေအိမ်မှာ ချစ်သူဖြစ်သူ မာတီနာကူစ်နီရိုဗာ အတူ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ သတင်းထောက် ကက်စီယက်ခ်ကိုတော့ ရင်ဘက်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေလျက် တွေ့ရှိခဲ့ရပြီး ၎င်း၏ချစ်သူအမျိုးသမီးကိုတော့ ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ 

၎င်း လူသတ်မှုဖြစ်စဉ်တွင် ဂျာနယ်လစ်တစ်ဦး၏ စုံစမ်းဖော်ထုတ်ရေးသားမှုကို နှုတ်ပိတ်အစဖျောက်လိုသည့် ရည်ရွယ်ချက် ရှိနေနိုင်ကြောင်း ဆလိုဗက်ကီးယားရဲတပ်ဖွဲ့မှ ရဲမှူး တီဘာ ဂက်စ်ပါကပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ရောဘတ်ဖီကိုအနေနဲ့လဲ ၎င်းသတင်းထောက် အသတ်ခံရမှုတွင် ကျူးလွန်သူ တရားခံများနှင့်ပတ်သက်၍ ကူညီသတင်းပေးနိုင်မည့်သူကို ယူရို တစ်သန်း ဆုငွေပေးမည်ဟုပြောကြားထားတယ်လို့သိရပါတယ်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။