ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်ကဟာ ဆီးစီးယားစစ်ပွဲ ရက်(၃၀) ရပ်တန့်ရေးကို အသက်နိုင်စေရန်တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဖောဖော်ဝါရီ (၂၆) ရက်နေ့က လုံခြုံရေးကောင်စီက ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုအတူ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က ဆီးရီးယား အရှေ့ပိုင်း ဂေါ့တာအရပ်သည် ကမ္ဘာပေါ်က ငရဲဖြစ်ပြီး ယင်းကို အဆုံးသတ်နိုင်ကြရေးကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

ဂေါတာအရပ်သည် သူပုန်ထိန်းချုပ်သော မြို့တော် ဒမတ်စကပ် ဆင်ခြေဖုံးအရပ်ဖြစ်ပြီး ပြီးခဲ့သည့် ရက်များအတွင်း ဗုံးခွဲတိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ရာ အရပ်ဖြစ်ပါတယ်။

ကုလသမဂ္ဂ၏ ဂျနီဗာရုံးတွင် လူ့အခွင့်အရေးကောင်စီတစ်ရပ် ဖွင့်လှစ်ခြင်းတွင် ဂူတာရပ်စ်က ဆီးရီးယား အပစ်ရပ် ဆုံးဖြတ်ချက်အပေါ် ရှုတ်ချလိုက်သော်လည်း ယင်းဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်ကို တတ်နိုင်သမျှ ပါဝင်အကောင်အထည်ဖော်ကြရမည်သာ ဖြစ်ကြောင်း၊ အဓိကအားဖြင့် အရှေ့ပိုင်းဂေါတာအရပ်၏ ဖြစ်ပွားနေသော အနိဌာရုံများ ချုပ်ငြိမ်းသွားရေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဂူတာရပ်စ်က ပြောကြားပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရှေ့ပိုင်းဂေါတာအရပ်တွင် ဆီးရီးယား၏ ဘာရှာအယ်အာဆတ် အစိုးရကို သစ္စာခံသော တပ်ဖွဲ့ဝင်များ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးဒုံးကျည်များ ကျဲချခြင်းတို့ကြောင့် လူပေါင်း ၅၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

“အရှေ့ပိုင်း ဂေါတာအရပ်အတွက် စောင့်ဆိုင်းမနေနိုင်ဘူး။ ကမ္ဘာပေါ်က ငရဲကို နိဂုံးချုပ်ဖို့ အရေးကြီးအချိန် ရောက်နေပြီ။”ဟု ဂူတာရပ်စ်က ကောင်စီတွင် ပြောခဲ့ပါတယ်။

လူပေါင်း လေးသိန်းနီးပါးမျှ အသက်ရှင်ကာ ဘေးဒုက္ခကြုံနေရနိုင်သည် ခန့်မှန်းသော ဒမတ်စကပ်မြို့တော်မှ ကီလိုမီတာအနည်းငယ်သာ ကွာဝေးသော ပတ်ဝန်းကျင်ရှိ မြို့ငယ်များမှ ထိခိုက်နာမကျန်း ဒဏ်ရာရသူများကို ကယ်တင်ရေးနှင့် အကူအညီများ ပေးပို့ရေးတို့အတွက်လည်း ဂူတာရပ်စ်က ကတိကဝတ်ပြု ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က လုံခြုံရေးကောင်စီသည် အပစ်ရပ်ရေးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း အရှေ့ဂေါတာတွင် ပြင်းထန်သော တိုက်ခိုက်မှုများက မစဲတမ်း ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

source - EFE_EPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။