မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်စပန်ညိုအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒိုကို အနားပေးထားခဲ့တာလည်းဖြစ်ပါတယ်။

အက်စပန်ညိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါစီယာ၊ မိုရီနို၊ ဒါဒါ၊ ဆန်းချက်၊ ပီယာတီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါရတ်ဘေလ်း၊ အစ္စကို ၊ ဗက်စ်ကွက်၊ အဆန်စီယို၊ ကိုဗာဆစ်၊ လောရန်တေး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် တကယ်တမ်းထိထိရောက်ရောက် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုမှာ အက်စပန်ညိုအသင်းက အသာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားတွေ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတာကြောင့် ကစားကွက်ဟာထင်သလောက် မထိရောက်ခဲ့တာလည်းဖြစ်ပါတယ်။အက်စပန်ညိုအသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၉၀+၃ မိနစ်မှာ မိုရီနိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။