ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားဂျင်းကောင်ကတော့ လက်ရှိအပျော်တွေနဲ့ တွေ့ဆုံနေရတာပဲဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ ကေညီရဲ့ ဒုတိယသားလေးမွေးပြီးကတည်းက ဆုတောင်းခဲ့တဲ့ မြင့်မြတ်တစ်ယောက် လက်ရှိမှာတော့ စိတ်ကူးတွေအကောင်အထည်ဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိ ကိုယ်ဝန်ဆောင်ထားတဲ့ ဇနီးဖြစ်သူအတွက် ဂုဏ်ယူနေရသူလည်း ဖြစ်ပါတယ်။လက်ရှိမြင့်မြတ်၏ ချစ်ဇနီးလေးကတော့ သားယောကျာ်းလေးကို လွယ်ထားတာဖြစ်ကြောင်း သိရပါတယ်။ 

ပရိသတ်အချစ်တော် မြင့်မြတ်ကတော့ မကြာမီအဖေတူသားလေးတစ်ယောက်ကို ရရှိတော့မှာလည်း ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိဇနီးသည်ကို ပျော်ရွှင်မှုများစွာကို ဖန်တီးပေးနေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ မြင့်မြတ်တို့ ဇနီးမောင်နှံနှစ်ယောက် တရုတ်ပြည်မှာ ပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေကို တင်ထားတာတွေ့ရပါတယ်။ အဆိုပါပျော်ရွှင်မှုများကိုလည်း " ကျွန်တော်အရမ်းမျှော်လင့်နေတဲ့ သားဦးရတနာလေးကို လွယ်ထားတဲ့ ချစ်ဇနီးနဲ့အတူ အတိုင်းထက်အလွန် ပျော်နေမိပါတယ် " ဟူ၍ မြင့်မြတ်၏ လူမှုစာမျက်နှာပေါ်တွင် တင်ထားတာတွေ့ရပါတယ်။

ပရိသတ်အချစ်တော်မင်းသား မြင့်မြတ်ကတော့ သူ့ရဲ့သရုပ်ဆောင် အမွေအနှစ်တွေကို လက်ဆင့်ကမ်းမည့် မျိုးဆက်သစ်ကလေးအတွက် ပျော်ရွှင်မှုတွေများစွာရှိနေကြောင်း တွေ့ရပါတယ်။ ပရိသတ်တွေရဲ့ မြင့်မြတ်ရဲ့ မျိုးဆက်သစ်လေးကိုရော ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ ပရိသတ်ကြီးအတွက် သားဦးရတနာလေးကို လွယ်ထားတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံတို့ ပျော်ရွှင်စရာဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။