ယမန်နှစ်က အကျင့်ပြခြစားမှုအရှုပ်တော်ပုံနှင့်အတူ ပြုတ်ကျသွားခဲ့သည့် သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ်အနှစ် ၃၀ ချမှတ်သွားနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရရှေ့နေများ ကြိုးပမ်းနေလျက်ရှိနေတယ်လို့သိရပါတယ်။ သူမကတော့ လက်ရှိအချိန်မှာတော့ ဆိုးလ်မြို့ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးခံထားရတဲ့သူတစ်ဦးလဲဖြစ်ပါတယ်။

ယခုအခါမှာအသက် ၆၆ နှစ်ရီပြီဖြစ်တဲ့ သမ္မတဟောင်းပက်ကတော့ အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်မှု တို့ဖြင့် စွဲချက်များဖြင့် ရင်ဆိုင်နေရလျက်ရှိနေတာပဲဖြစ်ပါတယ်။သို့ပေမယ့် သူမကတော့ အဆိုပါ ခြစားမှု အရှုပ်တော်ပုံကိစ္စတွင် အမှားအယွင်းတစ်စုံတစ်ရာ လုပ်မထားခဲ့ကြောင်း ခုခံပြောဆိုထားတယ်လို့သိရပါတယ်။ 

ပက်ရဲ့ အရင်းနှီးဆုံးလူယုံုဖြစ်တဲ့ ချိုင်ဆွန်စီးလ်ကတော့ ခြစားအရှုပ်တော်ပုံုတွင် အဓိကနေရာကပါဝင်ခဲ့တဲ့သူတစ်ဥိးဖြစ်တဲ့အတွက် ပြီးခဲ့တဲ့သီတင်းနှစ်ပတ်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။ယခုအချိန်မှာတော့ သတင်းထောက်တွေက သမ္မတဟောင်းပတ်ကို ထောင်ဒဏ်အနှစ်၃၀ နှင့် ဒဏ်ကြေးငွေ ကိုရီးယားဝမ် ၁၁၈.၅ ဘီလီယံ ထိချမှတ်နိုင်ရန်ကြိုးပမ်းနေတာဖြစ်ပါတယ်။ ပက်ရဲ့အမှုကိုတော့ လာမည့်မေလမှာစတင်ကြားနားစစ်ဆေးမှာဖြစ်ပြီး ဧပြီလမတိုင်မီ စီရင်ချက်တစ်ခုချမှတ်နိုင်ရန်မျှော်လင့်ထားတယ်လို့သိရပါတယ်။

source -EFE EPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။