ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရတ်ချ်ဆီမားခရိုင်ထဲမှာ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားတွင်း ကိုယ်ဝန်ဆောင်တဦး ကလေးမွေးဖွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် နာ့သ်ဖွန်းဆိုသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က နခွန်းရတ်ချ်ဆီမားခရိုင် ဆီချူးမြို့ ခုတ်နွဲ့ရပ်ကွက်မှာနေတဲ့ သူငယ်ချင်းရဲ့ မင်္ဂလာဧည့်ခံပွဲကို သွားရောက်ခဲ့တဲ့အချိန်က မွေးဖွားခဲ့တာဖြစ်ပါတယ်။

ထိုင်းဓလေ့ထုံးစံအရ သတို့သမီး သတို့သားတို့က ပျော်ပါးစွာ စီတန်းလှည့်လှည်ကြစဉ် သူမမှာ ရုတ်တရက် ဗိုက်နာလာတာဖြစ်ပါတယ်။ သူဟာ ကိုယ်ဝန်ရင့်မာနေတာကြောင့် အိမ်ရှင်တွေက ဆေးရုံပို့ပေးဖို့ လူနာတင်ကားကို လှမ်းခေါ်လိုက်ပြီး လူနာတင်ကား အခမ်းအနားဝင်ပေါက် ဆိုက်ရောက်စဉ်မှာပဲ ကလေးက ဦးစွာ ထွက်ကျလာတာဖြစ်ပါတယ်။ 

ကလေးမှာ သမီးမိန်းကလေးဖြစ်ပြီး သူနာပြုဆရာမတွေက အဲဒီနေရာမှာပဲ ချက်ကြိုးဖြတ်၊ သန့်ရှင်းရေးလုပ်ကာ ကိုယ်အလေးချိန် ချိန်ကြည့်ရာမှာ ၃၂၀၀ ဂရမ် အလေးချိန်ရှိပြီး မိခင်ရော ကလေးပါ ကျန်းမာလျက်ရှိပါတယ်။ အခုလို မင်္ဂလာပွဲမှာ ကလေးငယ်တဦး မွေးဖွားလာတဲ့အပေါ် သတို့သမီး၊ သတို့သားနဲ့ ပွဲလာပရိသတ်တွေ ဝမ်းမြောက်စွာကြိုဆိုခဲ့ပြီး မင်္ဂလာရှိတဲ့ မင်္ဂလာပွဲလို့ အများကပြောစမှတ်ပြုခဲ့ကြပါတယ် ပရိတ်သတ်ကြီးတို့ရယ်။

SOURCE - THAI NEWS AGEANCY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။