အိန္ဒိယနိုင်ငံမြောက်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ ပန်ဂျပ်ပြည်နယ်တွင်းရှိ နေအိမ်တလုံးမှာ လမ်းလျှောက်တတ်စ ကလေးငယ်တဦးကို နာနီအမျိုးသမီးတဦးက ညှဉ်းပန်းနှိပ်စက်တဲ့သတင်းလေးတစ်ပုဒ်ကိုဖော်ပြပေးချင်ပါတယ်။ ညှဉ်းပန်းနှိပ်စက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဖမ်းယူရရှိခဲ့ပြီးနောက် အင်တာနက် စာမျက်နှာတွေပေါ်မှာပျံနှံခဲ့ရာ ဝေဖန်မှုတွေ များစွာလည်းရှိနေပါတယ်။ 

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက် ၁၈ လအရွယ် သမီးလေးကို အဲဒီ နာနီအမျိုးသမီးက ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်တွေကို ကြိမ်နဲ့ရိုက်ခဲ့တာဘဲဖြစ်ပါတယ်။ ကလေးငယ်ရဲ့ မိဘတွေကတော့ သူဟာ ကလေးငယ်ရဲ့ မျက်နှာကိုလည်း ရိုက်ခဲ့တယ်လို့ ပြောကြားထားတယ်လို့လည်းသိရပါတယ်။ 

မိဘတွေဟာ သမီးငယ်ရဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြောင်းလဲလာတာရယ်၊ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာလို့ယူဆရတဲ့ အမှတ်အသားတွေ တွေ့လာခဲ့ချိန်ကစပြီး စိတ်ပူပန်ခဲ့ကြပြီး စောင့်ကြည့်ခဲ့တာလို့သိရပါတယ်။ တကယ်ကိုလူမဆန်တဲ့ စက်ဆုပ်ဖွယ်အဖြစ်ပျက်လေးတစ်ခုပါဘဲ။ မအားလပ်တဲ့မိဘတွေအတွက် သားသမီးတွေအပေါ် ၈ရုစိုက်စောင့်ကြည့်ရမယ်ဆိုတာ သတိပေးလိုက်တဲ့ သတင်း လေးတစ်ပုဒ်ကို ပရိတ်သတ်ကြီးတို့ဆီမှျှဝေပေးလိုက်ပါတယ်နော်။

Source - Dvb Tv Uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။