ဖေဖေါ်ဝါရီ ၂၆ရက်နေ့က ဗြိတိန်နိုင်ငံ လိုက်စက်စတာမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် စတိုးဆိုင်တစ်ခုနှင့် တိုက်တစ်ခုပြိုပြီးကျ ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူဦးရေမှာ လေးဦးရှိပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူများအထဲမှ တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဆက်လက်ရှာဖွေရှင်းလင်းလျှက်ရှိပြီး ဒဏ်ရာရရှိသူနှင့် သေဆုံးသူများကို ထပ်မံတွေ့ရှိနိုင်သေးကြောင်း တာဝန်ရှိသူတို့ကပြောကြားချက်အရသိရပါတယ်။

ပေါက်ကွဲမှုဖြစ်ရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ရဲအရာရှိများက မည်သည့်မှတ်ချက်မျှ မပေးသေးပဲ စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ "လက်ရှိအချိန်အထိ သိရသမျှကတော့ ဒီပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေကြောင့် မဟုတ်နိုင်ဘူးလို့လည်း ထင်ကြေးတွေပေးခဲ့ကြပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စုံစမ်းစစ်ဆေးနေဆဲပါပဲ"ဟု လိုင်စက်စတာရှိုင်းယား ရဲတပ်ဖွဲ့မှ အရာရှိကပြောကြားခဲ့ပါတယ်။

source - Leicester explosion: Blast flattens shop and home as building collapses in ball of flames leaving four dead

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။