ဖေဖေါ်ဝါရီ ၂၃ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗျူနော့စ်အေရီးစ် မြို့မှာရှိတဲ့ ရရှားသံရုံးအတွင်းမှာ ကိုကင်း ပေါင် ၈ရာကျော်တွေ့ရှိခဲ့ပါတယ်။ ၎င်းတွေ့ရှိမှုကြောင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ကွင်းဆက်ဖော်ထုတ်မှုများအရ မူးယစ်ဆေးကုန်ကူးသူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီးလိုက်သည့် ၆ ဦးထဲမှာ ရုရှားသံတမန်ဟောင်းတစ်ဦးနှင့် အာဂျင်တီးနား ရဲအရာရှိတစ်ဦးလည်းပါဝင်နေတယ်လို့ သိရပါတယ်။

"အာဂျင်တီးနား၊ ရုရှားနဲ့ ဂျာမနီ နိုင်ငံတွေအကြား မူးယစ်ဆေးကုန်ကူးနေတဲ့ ဂိုဏ်းကို ကျွန်တော်တို့ ဖြိုခွင်းလိုက်တာပါပဲ"ဟု အာဂျင်တီးနားနိုင်ငံ လုံခြုံရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ ယခုဖမ်းဆီးရမိခဲ့တဲ့ ကိုကင်းများမှာ စုစုပေါင်း ၃၈၉ ကီလိုဂရမ်(ပေါင် ၈၅၀ထက်မနည်း)ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ ရုရှားသံရုံးဝင်းအတွင်းရှိ စာသင်ကျောင်းထဲမှာ ကိုကင်းအိတ် ၁၆ လုံးကိုသိုလှောင်ထားရှိပြီး သံတမန်လမ်းကြောင်းဖြင့် လေကြောင်းမှ သယ်ဆောင်ရန်ပြုလုပ်ရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။

ကိုကင်းများထားရှိသိုလှောင်မှုကို (၂၀၁၆)ခုနှစ်က စတင်ရိပ်စားမိခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားအစိုးရပိုင်လေယာဉ်တစ်စီးဖြင့် သယ်ထုတ်သွားနိုင်ခဲ့သည်။ ကိုကင်းအိတ်များအတွင်း လမ်းကြောင်းခြေရာခံသည့် ကိရိယာကိုတပ်ဆင်ပြီး ကိုကင်းများအစား ဂျုံမှုန့်များနှင့်အစားထိုးခဲ့ပြီး ပါ အိပ်များကို မူလနေရာတွင်ပင် ခြေရာလက်ရာမပျက် ပြန်လည်ထားရှိခဲ့တာဖြစ်ပါတယ်။ ရုရှားအစိုးရပိုင်လေယာဉ်ဖြင့် သယ်ဆောင်သွားတဲ့ ကိုကင်းပစ္စည်းအတုများကို လာရောက်ယူဆောင်သော ရုရှားနှစ်ဦးကို ရုရှားနိုင်ငံတွင်ဖမ်းဆီးနိုင်ခဲ့ပြီး ဒီအမှုကိုထုတ်ဖော်ဖမ်းဆီးခဲ့ယ်လို့ သိရပါတယ်။

ref : An Embassy, 850 Pounds of Cocaine and Now 6 Arrests

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။