ဖေဖော်ဝါရီ ၂၇ ရက်နေ့က မပါပူဝါနယူးဂီနီမှာ အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် မနက်အစောပိုင်းအချိန်ကလည်း ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၅ ရှိ မြေငလျင်ဟာလှုပ်ခတ်ခဲ့ပါသေးတယ်။ နိုင်ငံတောင်ပိုင်း ကုန်းမြင့်ဒေသဖြစ်တဲ့ မန်ဒီမြို့မှာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အဦနှစ်လုံး ပြိုကျခဲ့ပြီး မြေပြိုကျမှုတွေလည်းရှိခဲ့ပါတယ်။ 

ဖေဖော်ဝါရီ(၂၆)ရက်နေ့ လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ရပြီး မန်ဒီမြို့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူ၁၂ဦးသေဆုံးခဲ့ရပါတယ်။ နောက်ဆက်တွဲလှုပ်ခတ်တဲ့ ငလျင်တွေထဲမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၇ ရှိတဲ့ မြေငလျင်လှုပ်ခတ်မှုလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးနိုင်ဖွယ် ရှိတယ်ပြီး သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ဖို့ ရက်အနည်းငယ်စောင့်ဆိုင်းအချိန်ယူရအုံးမယ်လို့လည်း သိရပါတယ်။ မရှောင်တိမ်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တေီဟာလည်း တကယ်ကိုကြောက်မက်ဖွယ်ကောင်းစွာ ကမ္ဘာကိုဝါးမြိုလျက်ရှိနေပါတယ်။

SOURCE - RIDER NEWS AGENCY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။