ချွေးပေါက်ကျယ်တာကောင်းပေမဲ့ အလွန်ကျယ်သွားရင်လည်းရုပ်ဆိုးသွားစေပါတယ်။ ဘယ်လောက် မိတ်ကပ် အကောင်းစားတွေပဲသုံးသုံး မျက်နှာပေါ်ကအသားရည်က မညီညာတော့ပါဘူး။ချွေးပေါက်ကျယ် တာကို ကျဉ်းအောင်လုပ်တဲ့နည်းလမ်းလေးတွေရှိသလို ချွေးပေါက်ပိတ်နေတဲ့ သူတွေအတွက် ပွင့်အောင် လည်းလုပ်လို့ရပါတယ်နော်။ အဓိကချွေးပေါက်သာပိတ်ခဲ့မယ်ဆိုရင် အဖုတွေထွက်လာမှာအသေချာပါပဲ နော်။

ချွေးပေါက်ကျယ်တယ်ဆိုတာ အရေးပြားအသက်ရှှုဖို့အတွက်သဘာဝကဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ အရေပြားအတွက် ဗီတာမင်၊ အစိုဓာတ်၊စုပ်ယူခြင်းတွေအတွက် လည်းချွေးပေါက်လေးတွေက လုပ်ဆောင် ပေးတာဖြစ်ပါတယ်။ အဓိကနေရောင်ခြည်တိုက်ရိုက်ထိတွေ့ ခြင်းကြောင်း ဖြစ်တာများပါတယ်။ မိတ်ကပ်မ ဖျက်ပဲအိပ်လိုက်ရင်လည်း အသားရည်ပျက်စီးစေနိုင်ပါတယ်။ဒါကြောင့် ညမအိပ်ခင် မျက်နှာကို သစ်ဖြစ် အောင်သစ်ကြဖို့မှာချင်ပါတယ်နော်။ 

လူပျိုအပျိုဖော်ဝင်စမှာလည်း ဝက်ခြံထွက်ပြီး ချွေးပေါက်တွေကျယ်တတ်ပါတယ်။ဟော်မုန်းပြေင်းလဲခြင်း၊ အဆီတွေထွက်လာပြီး ချွေးပေါက်ကျယ်လာခြင်းဖြစ်ပါတယ်။သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ အသက်ရွယ် အိုမင်းခြင်းကြောင့်လည်း ကော်လာဂျင်ထုတ်လွတ်မှုကျဆင်းကာ အသားရေတင်းမာမှုမရှိတဲ့အတွက် ချွေး ပေါက်ကျယ်လာခြင်းဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းသည်လည်း အရေပြားကျုံဆန့်နိုင်တဲ့ သတ္တိတွေကျ ဆင်းစေတဲ့အတွက် ချွေးပေါက်ကျယ်လာခြင်းဖြစ်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွင်တဲ့ အသားရည်ကို ပိုင် ဆိုင်နိုင်ကြပါစေ။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။