မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သူ့ရဲ့ဖခင် ကင်ဂျုံအီတို့ဟာ အနောက်နိုင်ငံတွေကို လည်ပတ်ဖို့ ဘရာဇီးပတ်စ်ပို့အတု အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၀ ခုနှစ်က အနောက်နိုင်ငံတွေကို သွားရောက်လည်ပတ်ဖို့အတွက် ဗီဇာလျှောက်ထားရာမှာ ဘရာဇီးပတ်စ်ပို့အတုတွေကို သုံးစွဲခဲ့တဲ့အကြောင်းကို အနောက်ဥရောပ လုံခြုံရေး သတင်းအရင်းအမြစ် ငါးခုက ရိုက်တာသတင်းဌာနကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖော်ပြချက်အရသိခဲ့ရပါတယ်။

ဘရာဇီးနိုင်ငံ မြောက်ကိုရီးယားသံရုံးက အခုလို သတင်းထွက်ပေါ်လာမှုအတွက် တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဘရာဇီးပတ်စ်ပို့အတုတွေသုံးစွဲခဲ့တဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲလို့ ပြောကြားချက်အရ သိရပါတယ်။ မေးခွန်းထုတ်စရာဖြစ်နေတဲ့ ပတ်စ်ပို့နှစ်ခုဟာ တရားဝင်ထုတ်ပေးထားတဲ့ဟာတွေ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဘရာဇီး သတင်းအရင်းအမြစ်တခုက ပြောကြားချက်တစ်ခုအရလည်းသိရပါသေးတယ်။ တကယ့်ကိုပဟေဋိဖြစ်စရာ အဖြစ်လေးတစ်ခုပါဘဲ။

၁၉၉၁ ခုနှစ်ကလည်း ကင်ဂျုံအန်း ကလေးအရွယ်မှာ ဘရာဇီးပတ်စ်ပို့ အသုံးပြုပြီး တိုကျိုကို လည်ပတ်ခဲ့တယ်လို့ ၂၀၁၁ ခုနှစ်က ဂျပန်သတင်းစာတစောင်မှာလည်း ဖော်ပြခဲ့တာ ရှိနေခဲ့ပါတယ်။ အနောက်ဥရောပလုံခြုံရေး သတင်းအရင်းအမြစ် လေးခုကတော့ ဂျောဆက်ဖ်ပူဝပ်ဂီ၊ အီဂျုံသိုက် အမည်တွေနဲ့ ကင်တို့သားအဖနှစ်ယောက်ပုံပါ ဘရာဇီးပတ်စ်ပို့နှစ်ခုဟာ အနည်းဆုံး အနောက်နိုင်ငံ နှစ်နိုင်ငံရဲ့ ဗီဇာအတွက် လျှောက်ထားခဲ့တယ်လို့ အတည်ပြုဖော်ပြပေးခဲ့ပါတယ်။

SOURCE - RIDER NEWS AGENCY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။