ကိုရီးယားကားတွေထဲမှာ သူတု့ိမြိန်ရေရှက်ရေ စားသုံးနေတဲ့ ကိုးရီယားစာတွေကို မစားချင်ဘူးလား? လွယ်ကူပြီးအရသာရှိလှတဲ့ ချက်ပြုတ်နည်းတွေကို စုစည်းပေးထား ပါတယ်။

(၁) ကင်မ်ချီထမင်းကြော်

သူကတော့ကိုရီးယားအစားအစာထဲမှာ နံပါတ်တစ် မပါမဖြစ်ပါနော် ။ ရိုးရိုးထမင်းကြော်ထား တဲ့ အထဲကို ငရုတ်သီးစိမ်း(၄) တောင့်လောက်ကိုလှှီးဖြတ်ပြီးထည့်ပါ။

ဆားနဲ့သကြားကို ထမင်းပမာဏအလိုက်ထည့်ပါ။ ကြက်ဥကိုခွဲထည့်ပြီး မွှေပါ။ ဒါတွေပြီးသွားပြီဆိုရင်တော့ ကင်မ်ချီ ၄၀၀ ဂရမ်လောက်ကို လှီးဖြတ်ပြီးထည့်လိုက်ပါ။ ဒါဆိုရင်တော့ စပ်စပ်ကလေးနဲ့ စားကောင်းတဲ့ကင်မ်ချီထမင်းကြော်လေး ရပါပြီနော် ။

(၂) ကိုရီးယားဝက်နံရိုးကြာစွယ်ဟင်း

ဝက်နံရိုး (၃၀) သားလောက်ကို ဆား၊ သကြားနဲ့ ဂျင်းထည့်ကာ ကြွပ်ရွလာအောင်ကြော်ပါ။ ကြက်သွန်ဖြူနီ တို့ကိုဆီသတ်ကာ ကိုရီယားပဲငပိနဲ့ ငရုတ်သီးရည်တို့ကို လက်ဖက်ရည်ဇွန်း( ၂)ဇွန်းစာလောက် ထည့်လိုက်ပါ။ ပြီးရင်တော့ ကြာစွယ်နဲ့ ရေအနည်းငယ်လောက်ထား လိုက်ပါ။

နောက်ဆုံးမှာတော့ ဝက်နံရိုးကြော် ပန်းကန်ထဲကို ရလာတဲ့အနှစ်များလောင်းထည့်ကာ ကြက်သွန်မြိတ်အုပ်ပြီး စားသုံးနိုင်ပါပြီ ။

(၃) ကိုးရီးယားခေါက်ဆွဲသုပ်

ကိုးရီးယားငရုတ်သီးအနှစ်နဲ့ ပဲငပိတို့ကိုရောကာ ဒယ်အိုးထဲမှာ အပူပေးပါ။ ရလာတဲ့အနှ စ်တွေ ကို ခေါက်ဆွဲထဲထည့်ကာ ကြက်သားမှုန့်၊ ကင်ဂျီတို့နဲ့ နယ်လိုက်မယ်ဆိုရင်တော့ စားသုံးနိုင်ပါပြီ ။

နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်၊ အသားနဲ့ ကြက်ဥထည့်လိုက်မယ်ဆိုရင် အရသာရှိတဲ့ ကိုးရီးယားခေါက်ဆွဲသုပ် ရပြီပေါ့နော် ။

Source - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။