Google က အမွှာကုမ္ပဏီဖြစ်တဲ့ DeepMind ဟာကမ္ဘာ့ထိပ်တန်း ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ ဖြစ်ပါတယ်။ ဉာဏ်ရည်တုနည်းပညာ ကလူသားများရဲ့ အသက်များစွာကိုကယ်တင်နိုင်ပါတယ်။ ဒီစီမံကိန်းကို ပြုလုပ်ဖို့အတွက် DeepMind က လူနာများအခြေအနေမဆိုးခင်မှာ ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ ဉာဏ်ရည်တုနည်းပညာကိုဖန်တီးနေပါ တယ်။ DeepMind က ဒီစီမံကိန်းအတွက် ကျန်းမာရေးသုတေသန အဖွဲ့အစည်း Veterans Administrations (VA) နဲ့ ပူးပေါင်းထားပါတယ်။ 

AI က လူနာများသေဆုံးနိုင်မယ့် အခြေအနေကို ကြိုတင်သိရှိတဲ့အတွက် စောစီးစွာဆေးကုသမှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သာမန် အားဖြင့် သူနာပြုများနဲ့ ဆရာဝန်များဟာ အချိန်ပိုင်းအလိုက် လူနာများကိုစောင့်ကြည့် စစ်ဆေးပေးကြပါတယ်။ အဲဒီအတွက် လူနာများကိုအချိန်ပြည့် ဂရုမစိုက်နိုင် ကြပါဘူး။ အရေးကြီးတဲ့ လူနာအချို့အတွက်သာစောင့် ကြည့်စစ်ဆေးတဲ့ စက်များကိုအသုံးပြုကြပါတယ်။ ဉာဏ်ရည်တုနည်းပညာကတော့ လူနာ များကိုအချိန်ပြည့် စောင့်ကြည့်ပေးနိုင်ပါတယ်။ 

ကွန်ပျူတာများဟာလူသားများလိုမောပန်းခြင်းမရှိဘဲအချိန်ပြည့် အလုပ် လုပ်ပေးနိုင်တာကလည်းအားသာချက် ဖြစ်ပါတယ်။ အမေရိကန်မှာ လူသေဆုံးတဲ့ အကြောင်းအရင်းများထဲမှာကျန်းမာရေး ဝန်ထမ်းများရဲ့ အမှားကြောင့် သေဆုံးခြင်းဟာတတိယနေရာမှာရှိပါတယ်။ ဒီပြဿနာ ကိုဉာဏ်ရည်တုနည်းပညာကဖြေရှင်းပေးမှာ ဖြစ်ပါတယ်။

Source : Mobile  Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။