နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် ဝါးခယ်မမြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ 20 ရက်နေ့က ကျင်းပခဲ့တဲ့ သူမရဲ့မွေးနေ့ပွဲလေးဟာ သူငယ်ချင်းမိတ်ဆွေ တွေ သူမရဲ့ပရိတ်သတ်တွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပြီးဆုံးသွားခဲ့တာမို့ သူမရဲ့ကျေနပ် ပီတိအပြုံးလေးက တကယ့်ကိုပဲ ပေါ် လွင်လွန်းပါတယ် ပရိတ်သတ်ကြီးရေ။ အသက် ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ပွဲဖြစ်ပြီး အခုမှ ပထမဆုံး မွေးနေ့ကိတ်ကို ခွဲဖူးတာကြောင့် ဝမ်းသာ ကြည်နူးမိပါတယ်လို့ ဆိုပါတယ်။

သူမဟာရိုးသားတဲ့ မိန်းမငယ်လေးတစ်ဦးဖြစ်ပြီး ရသမျှအနုပညာကြေးငွေအားလုံးကို မိသား စုကိုပြန်လည်ထောက်ပံ့တဲ့ မိသားစုအတွက် သမီးအလိမ္မာ ရတနာလေးတစ်ဦးပဲဖြစ်ပါ တယ်။ မိဘကိုအမြဲတမ်းထောက်ပံ့တာကြောင့် လက်ထဲအဆင်မပြေဖြစ်တယ်လို့ကို မရှိ ဘူးလို့ သူမကဆိုပါတယ်။ ငွေလက်ကျန်နည်းလာပြီဆိုတာနဲ့ အလုပ်တစ်ခုမဟုတ် တစ်ခု ပေါ်လာပြီး သူမကအဆင်ပြေ ပြေလည်သွားတယ်လို့ ဆိုပါတယ်။ ချစ်စရာကောင်တဲ့ တောသူ မလေးရဲ့ ရိုးသားပွင့်လင်းတဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေကလည်း အချစ်ပိုနေရတာ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သက်ငယ်မုဒိန်းမှုနဲ့ပက်သက်ပြီး အင်တာဗျူးတစ်ခုမှာ မှား ယွင်းဖြေဆိုမှုကြောင့် ပရိတ်သတ်တွေက ဝေဖန်ခဲ့ကြပြီး သူမက ဒီကိစ္စနဲ့ပက်သက်ပြီး ပြန် လည်တောင်းပန်ခဲ့ပါသေးတယ်။ ဖြူဖြူထွေးကသူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို " ဒီနေ့ ဝါးခယ်မ မြို့သို့ရောက်ရှိ သော်က ဘုရားပွဲ" ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ချစ်စရာ ကောင်းပြီး ပွင့်လင်းတဲ့ ဟာသမယ်လေး ဖြူဖြူထွေးရဲ့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Source - Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။