အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ဗဟိုဘဏ်ဥက္ကဌဖြစ်သူ ဂျာရုမ်းပိုဝဲလ်အနေနဲ့ ပို့ကုန်လုပ်ငန်း အားကောင်းမှု ရှိလာသဖြင့် အမေရိကန်စီးပွားရေးက ခိုင်မာအားကောင်းမှု ရှိနေခြင်းကြောင့် ဗဟိုဘဏ် အတိုးနှုန်းကို ထပ်တိုးဖြစ်ရန် ရှိကြောင်း အလေးအနက်ပြောကြားခဲ့တယ်လို့သိရပါတယ်။ကွန်ဂရက်လွှတ်တော်ကတော့ ပိုဝဲလ်အနေနဲ့ ဂျနက်ယဲလန်ရဲ့ရုထူးနေရာကိုလက်ခံပြီးစဉ်မှစပြီး ပထမဆုံးလွှတ်တော်သို့လာရောက်အစံရင်ခံခြင်းလဲဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ကာလအတွင်းမှာ လေဆန်ခရီးကြုံခဲ့ရတဲ့ စီးပွားရေးဟာ လက်ရှိမှာ လေစုန်ကို ရောက်ရှိနေတယ်။ အထူးသဖြင့်တော့ ဘဏ္ဍာရေးမူဝါဒတွေက စေ့ဆော်မှု ပေးနိုင်နေပြီး အမေရိကန် ပို့ကုန်တွေကို ပြည်ပဝယ်လိုအားက ခိုင်မာတဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေတယ်။”ဟု လွှတ်တော်ဘဏ္ဍာရေးရာ ကော်မတီတွင် ပိုဝဲလ်က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော ဗဟိုဘဏ်အဖွင့်ဈေးကွက်ကော်မတီ အစည်းအဝေးနောက်ပိုင်း အမေရိကန်၏ စီးပွားရေးအလားအလာသည် ခိုင်မာအားကောင်းလျက်ရှိလာတာဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ်က စတင်ကာ ဗဟိုဘဏ် အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့သူ ပိုဝဲလ်က သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ပြီး ကွန်ဂရက်က မကြာမီက အတည်ပြုခဲ့သည့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကိုလည်း နှစ်သက်ထောက်ခံတယ်လို့သိရပါတယ်။ လက်ရှိတွင် ဗဟိုဘဏ် အတိုးနှုန်းထား ၁ ဒဿမ ၂၅ မှ ၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိနေသည်ကနေ ထပ်မံတိုးမြှင့်ရေးကို လုပ်ဆောင်ရန် ကြိုးစားအကောင်အထည်ဖော်လုပ်ဆောင်သွားမယ်လို့လဲသိရပါတယ်။ 

source-  EFE EPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။