မြန်မာ့ရိုးရာလက်ဝှေ့ကို မြန်မာပြည်သူပြည်သားများစွာ အားပေးနှစ်သတ်ကြတာတွေ့ရပါတယ်။ ဘယ်သူတွေဘယ်လိုပြောပြော မြန်မာလူမျိုးမှန်ရင် မြန်မာကို ချစ်မြတ်နိုးကြတာ သဘာဝပါ။ လကရှိမြန်မာ့ရိုးရာလက်ဝှေ့ကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှာ မြန်မာ့လက်ဝှေ့အားကစားကို အသိမှတ်ပြု ကစားနေကြတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၂၁) ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ဂျပန်မြန်မာရိုးရာလက်ဝှေ့ပွဲတွင် မြန်မာလက်ဝှေ့ကို ကောင်းစွာချပြနိုင်ခဲ့တာတွေ့ရပါတယ်။ 

အဆိုပါပွဲကို တိုကျိုမြို့ ကိုလအုအန်ခန်းမတွင် ဖေဖော် ဝါရီ ၂၁ ရက်နေ့ ဂျပန်စံတော် ချိန် ညနေ ၆ နာရီက ကျင်းပခဲ့ပြီး တွဲဆိုင်း ခြောက်ဆိုင်းထိုးသတ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါတွဲဆိုင်းများတွင် ဂျပန်မြန်မာ တွဲဆိုင်း ၄ ဆိုင်းအထိပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါမြန်မာ-ဂျပန်ပွဲတွင် မြန်မာ့လက်ဝှေ့ကို ချီးကြူးဂုဏ်ပြုလောက်အောင် ပြသခဲ့တဲ့ လက်ဝှေ့ကျော်များကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အဆိုပွဲတွင် ကြယ်စင်ဖြိုး (မြန်မာ)က ဟာဆိုမိ(ဂျပန်)ကို စတုတ္ထအချီတွင် အလဲထိုးပြီး လည်းကောင်း၊ စိုးလင်းဦး(မြန်မာ)က ဟာရေယူရာ (ဂျပန်)ကို ဒုတိယအချီတွင် အလဲထိုးပြီးအနိုင်ယူခဲ့ပြီး၊ နာမည်ကြီး UFC ကစားသမား ရှိမိဇု(ဂျပန်)နှင့် မြန်မာ့ရိုးရာလက် ဝှေ့ချန်ပီယံ ထွန်းလွင်မိုးတို့ပွဲမှာ အလူးအလဲ ထိုးသတ်ပြီး သရေကျသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲအပြီးတွင် UFC ကစားသမားသက်တမ်း ၁၀ နှစ်ရှိသည့် အပြင် ချန်ပီယံဆုပါရဖူးသူ ရှိမိဇုက အသက်ငယ်ရွယ်သော မြန်မာ့လက်ဝှေ့ကျော်ထွန်းလွင်မိုး က သူ့ကို ဘတစ်ပြန်ကျားတစ်ပြန် ထိုးသတ်သွားသည့်အတွက် အလွန်အံ့သြမိကြောင်း ပြောပြခဲ့ပါတယ်။ ၎င်းအပြင်မြန်မာနိုင်ငံသို့ သွားရောက်ပြီး လက်ဝှေ့ ပညာသင်ယူဦးမည်ဖြစ်ကြောင်း ပရိသတ်ကိုပြောပြခဲ့ပြီး ထွန်းလွင်မိုးကို သူ၏ပုခုံးဖြင့် ပင့်ထမ်းကာ ဂုဏ်ပြုခဲ့ပါတယ်။ အလားတူ စိုလင်းဦးကိုလည်း ဂျပန်ဂန္ထဝင် ရုပ်ရှင်မင်းသားကြီးဆန်နီချီးဘားက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

Source - Shwe M Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။