ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှုးလီဝန်ဒေါစကီးကို ခေါ်ယူဖို့ အသင်းကြီးအများစုက စောင့်ကြည်နေတာလည်းဖြစ်ပါတယ်။လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချူပ်သစ်ချူပ်ဆိုဖို့ ငြင်းပယ်ထားတာလည်းဖြစ်ပါတယ်။ဒါကြောင့် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အသင်းကြီးအများစုက ချဉ်းကပ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ မန်ယူ၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းကြီးတွေပါဝင်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းက လီဝန်ဒေါစကီးကို လက်ဦးမှုရယူနိုင်ဖို့အတွက် စတင်ဆွေးနွေးမှုတွေပြုလုပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ပီရက်ဇ် က သူဟာ လီဝန်ဒေါစကီးရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာလာကစားဖို့ အထူးကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်တာလည်းဖြစ်ပါတယ်။လီဝန်ဒေါစကီးဟာ ယခုနှစ်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၄ ပွဲကစားပေးထားပြီး ၂၉ ဂိုးကို သွင်းယူထားကာ ၄ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

source - fox sports asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။