သရုပ်ဆောင် အဆိုတော် Beauty blogger တစ်ဦးဖြစ်တဲ့ သဇင်ကတော့ ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်တယ်လို့ သိရပါတယ်..။

အဆိုတော် သဇင်ကတော့ အိမ်ထောင်ပြုပြီးကတည်းက သြစတြေးလျားနိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့ နေထိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာပြည်ကို ခတ္တအလည်ပြန်ရောက်နေတာ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီ(၂၇)နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Vivid' Glamorous Cocktail Hour ဖက်ရှင်ပွဲကို တတ်ရောက်ခဲ့တာ ဖြစ်ပြီး ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်းနဲ့ ကိုယ်ဝန် (၁၀)ပတ်ရှိပြီ ဖြစ်တဲ့အကြောင်းလေးကိုတော့ သဇင်က အင်တာဗျူးတစ်ခုမှာ ပြောပြထားတာ ဖြစ်ပါတယ်..။

သူမက မိန်းကလေးလိုချင်ပြီး သူမရဲ့ ခင်ပွန်းကတော့ ယောက်ျားလေးလိုချင်တာဖြစ်ကြောင်းကိုလည်း ပြောပြထားပြီး ရင်သွေးလေးကိုတော့ သြစတြေးလျားနိုင်ငံမှာ မွေးဖွားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ကိုယ်ဝန်လွယ်ထားရပြီးဖြစ်လို့ မိတ်ကပ်သင်တန်း မဖွင့်ဖြစ်တော့တဲ့အကြောင်းနဲ့ သီချင်းသစ်တွေကိုလည်း ရင်သွေးလေးမွေးဖွားပြီးမှပဲ လုပ်ဖြစ်တော့မယ့်အကြောင်းလေးကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားပါသေးတယ်..။

“သဇင်နေမကောင်းတော့ မိတ်ကပ်သင်တန်းလည်း မဖွင့်ဖြစ်တော့ဘူး ဒီတစ်ခါ

သီချင်းလေးတွေတော့ သဇင်ရင်သွေးလေးရမှပဲ လုပ်ဖြစ်တော့မယ်ထင်ပါတယ်ရှင့်

သဇင်ကို အခုချိန်ထိ သတိရအားပေးတဲ့ ပရိသတ်ကို ကျေးဇူးပါပဲရှင့်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

Source - သဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။